အလိုတော်ပြည့်ဘုရားကြီးရွှေထီးတော်အတွက် ကုသိုလ်ပါဝင်ခဲ့သူလေး သက်မွန်မြင့်

အရပ်လေးကမြင့်မြင့် စကားလေးပြောလိုက်ရင် မဝဲတဝဲလေး ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့မို့ ပရိသတ်တွေ သိပ်ချစ်နေရသူလေးကတော့ အကယ်ဒမီ သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ မြန်မာဗီဒီယို ဇာတ်ကားတွေ ရိုက်ရိုက်ချင်းမှာပဲ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေ ချစ်စဖွယ်ပုံစံလေးတွေကြောင့် ပရိသတ်စတင်သတိထားမိခဲ့ပါတယ်။ နောက်ပိုင်း ဗီဒီယိုတွေ တောက်လျှောက်ရိုက်လာပြီး ပရိသတ်တွေက သက်မွန်မြင့် ဆိုပြီး အပြည့်အဝထောက်ခံအားပေးလာခဲ့ပါတယ်။ သူမအနေနဲ့ "အာဒံရယ် ဧဝရယ် ဒသရယ်" ဇာတ်ကားမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရရှိခဲ့ပါတယ်။ သက်မွန်မြင့်ဟာ လက်ရှိအချိန်မှာတော့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပြီး ဒုတိယကိုယ်ဝန်ကြောင့် ကားရိုက်တွေနားထားတယ်လို့ သိရပါတယ်။

သားလေးတစ်ယောက် မိခင် မေမေဗိုက် သက်မွန်မြင့်က တော့ သူ့ရဲ့ပရိသတ်တွေ သာဓုခေါ်နိုင်အောင် ကောင်းမှူကုသိုလ်တွေ ပြုလုပ်ခဲ့ပုံကို သူမရဲ့ Fan Page မှာ အခုလိုပဲ တင်ထားတာတွေ့ရပါတယ်။

ဒီနေ့တော့ ဆန္ဒလေးပြည့်သွားပြီ! ရွှေတိဂုံဘုရားကို ရွှေပြားတွေ လှုကြတုန်းက ရှိနေမှန်း သတိမရခဲ့တော့ မလှုလိုက်ရဘူး!

ဒီတခါတော့ ကိုခန့်စည်သူ ကျေးဇူးကြောင့် ပုဂံ အလိုတော်ပြည့်ဘုရားကြီး ရွှေထီးတော်ကို ရွှေ ၅ပိဿာလှုမယ့်ထဲမှာ ပါဝင်လှုဒါန်းခွင့်ရခဲ့ပြီ!

၂၀၁၀ တွက် ရခဲ့တဲ့ အကယ်ဒမီ ရွှေကြယ်လေးရယ်, နိုင်ငံတော်ကားရိုက်တုန်းက ချီးမြှင့်ခံရတဲ့ ရွှေရယ်, မင်္ဂလာလက်ဖွဲ့ရတဲ့ရွှေလေးတွေရယ် အကုန်လှုလိုက်ပြီ!

အကယ်ဒမီရွှေကြယ်လေးဆို ဒါ ပရိတ်သတ်တွေရဲ့ အလှုပါပဲ! ဝမ်းမြောက်စွာနဲ့ သာဓု အနုမောဒနာ ခေါ်ကြပါနော်!

(ကိုခန့်တို့ မေတ္တာသင်္ဂဟအဖွဲ့က ရွှေ ၁၀ ကျပ်သားလှုဒါန်းပါတယ်ရှင်)

၃၁ ဘုံက သတ္တဝါအပေါင်းအားလုံးကို အမျှဝေပါတယ်!

(အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့.. သာဓု သာဓု သာဓု)၃?????

ကဲ ပရိသတ်ကြီးရေ သက်မွန်က ပုဂံက အလိုတော်ပြည့်ဘုရားကြီး ရွှေထီးတော်တင်ဖို့အတွက် အကယ်ဒမီရွှေကြယ်လေးရယ် မင်္ဂလာလက်ဖွဲ့ရတဲ့ ရွှေလေးတွေ အကုန်လှူလိုက်ပါတယ်တဲ့နော်………

သာဓု သာဓု သာဓု ပါချစ်သော သက်မွန်ရေ………

Source: Thet Mon Myint's Fan Page

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။