ခိုင်သင်းကြည်လို့ခေါ်တဲ့ မခိုင်လေးတစ်ယောက်ကတော့ ပုဂံကိုဘုရားဖူးရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့အလှပုံရိပ်တွေကိုလဲ Facebook ပေါ်မှာတင်ထားပါသေးတယ်။ ရုပ်သေး ရုပ်လေးတွေ ပုသိမ်ထီးတွေနဲ့ တွဲဖက်ရိုက်ကူးထားပြီး ချစ်စရာကောင်းပြီး မြန်မာဆန်တဲ့ သူမရဲ့ ပုံရိပ်တွေကိုလဲ တွေ့ရပါတယ်။

သူမရဲ့ချစ်စရာကောင်းတဲ့သမီးလေး စံထိပ်ထားဦးဟာဆိုရင်လည်း အခုဆိုရင် Hearty Heart eye liner ကြော်ငြာကိုရိုက်ကူးနေပြီးပရိတ်သတ်တွေဝန်းရံခံနေရတဲ့သူလေးပဲဖြစ်ပါတယ်။သမီး အတွက်ဂုဏ်ယူရတဲ့ မေမေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် မခိုင်လေးရေ။ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အားကျစရာ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ပုံဂံရောက်ပုံရိပ်လေးတွေက မျက်စိအေးစဖွယ်လေးတွေပါပဲ။ ရိုးရိုးလေးနဲ့ယဉ်ယဉ်လေး ဝတ်ဆင်ထားပြီး ချစ်စရာကောင်းပြီး လှပတဲ့ဓာတ်ပုံတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မခိုင်လေးရဲ့ပရိတ်သတ်တွေလည်း ပုဂံနဲ့မခိုင်လေးရဲ့ အလှအပတွေကို မြင်တွေ့နိုင်အောင် တင်ပြပေးလိုုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။