အောက်တိုဘာလ ၂၈ရက်နေ့တွင် ဦးအောင်ကျော် ဆိုသူသည် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဘုံကထိန် အလှူခံ ဋ္ဌာနတခုကို ငွေစက္ကူအတု တသောင်းကျပ်တန်နှင့် ငါးထောင်တန် ငွေစက္ကူ အတုတို့ကို လှူ ဒါန်းခဲ့ပါတယ်။ အဆိုပါသတင်းအရ ဝေဘာဂီနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ တွေ့ရှိဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ 

ဦးအောင်ကျော်ဆိုသူကို ရဲ တပ်ဖွဲ့ဝင်များက စစ်ဆေးရာ ၎င်း၏ ဘေးလွယ်အိတ် အတွင်းမှ ငွေစက္ကူ အတု တသောင်းတန် ၁၃၉ရွက်၊ ငါးထောင်တန် အရွက် ၆၀ (ငွေအစစ်တန်ဖိုး အရ ၁၇သိန်း) တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့အမှူ ဖွင့်ထားတယ်လို့လည်း သိရပါတယ်။ 

မှူခင်း ရဲတပ်ဖွဲ ၏ ပြောကြားချက်အရ ၅၀၀၀ တန် အတုများသည် နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး၊ ငွေစက္ကူ အစစ်ထက် ၁မီလီ မီတာတိုခြင်း၊ နံပါတ်စဉ် အက္ခရာများ မှေးမိန်နေခြင်း၊ ရုပ်ပုံ/ တန်ဖိုး ရေစာများမှာ ပုံရိပ်သာပါခြင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာပါရှိပြီး အရောင်ပြောင်းလဲမှူ မရှိခြင်း၊ အဆိုပါ ငွေစက္ကူ အတုများသည် နည်းပညာ အမြင့် သုံးစွဲ၍ ထုတ်လုပ်ထားခြင်းမဟုတ်ပဲ ရိုးရိုး ကာလာပရင့်နည်းဖြင့်သာ ထုတ်လုပ်ထားကြောင်း ဖော်ပြထားပါတယ်။

Source - MCN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။