အမွှာသမီးလေးနှစ်ယောက်ရဲ့မေမေစောသက်ရဲ့မွေးနေ့

ပရိသတ်ကြီးစောသက်ကိုမှတ်မိကြဦးမလား။ပန်းဝတ်မှုန်

တိုင်းရင်းဆေးကြော်ငြာလေးတွေမှာသရုပ်ဆောင်ခဲ့တဲ့

ကောင်မလေးပေါ့၊အသံလည်းကောငး်တာကြောင့်

အဆိုတော်တစ်ယောက်အဖြစ်အခွေတွေလည်းထုတ်ခဲ့

ဖူးပါတယ်။သူမဟာအိမ်ထောင်ရှင်အဖြစ်ကိုခံယူ

ပြီးနောက်မှာတော့အနုပညာအလုပ်တွေကြဲပါး

သွားခဲ့ပါတယ်။အခုဆိုရင်သူမရဲ့မိသားစုလေး

ုဖြစ်တဲ့ခင်ပွန်း၊အမွှာသမီးလေးနှစ်ယောက်နဲ့ပျော်ပျော်ရွှင်ရွှင်

နေထိုင်နေပါတယ်။

ဒီနေ့ဟာစောသက်ရဲ့မွေးနေ့လေးပါ။မွေးနေ့အလှူအတန်း

တွေကိုလည်းဓမ္မဂင်္ဂါဆရာတော်ဆီမှာသွားရောက်ကုသိုလ်

ယူလှူဒါန်းခဲ့ပါတယ်။စောသက်ရဲ့အမွှာသမီးလေးနှစ်ယောက်ဟာ

အလွန်ချစ်စရာကောင်းပါတယ်။သူတို့နှစ်ယောက်ရဲ့နာမည်ကစောရတီလင်းနဲ့

စောဝတီလင်းပါ။တစ်မိနစ်သာခြားပြီးမွေးဖွားခဲ့တာဖြစ်ပြီး

စောရတီလင်းကအကြီးဖြစ်ပြီးစောဝတီလင်းကတော့အငယ်ပေါ့။

မွေးနေ့ရှင်မေမေနဲ့အတူဘကြီးဘုန်းကြီးဆီလိုက်သွားတဲ့

အမွှာလေးတွေလည်းပျော်ရွှင်နေကြပါတယ်။စောသက်ရဲ့

ချစ်ခင်ပွန်းကိုဥက္ကာကျော်ကလည်းကလေးတွေကို

ကူထိန်းပေးရှာပါတယ်။မိသားစုဘဝမှာပဲပျော်နေတဲ့အတွက်

စောသက်ဟာအနုပညာလုပ်ငန်းတွေကိုတစ်ခါတစ်ခါပြန်လုပ်

ချင်စိတ်ဖြစ်ပေါ်ပေမယ့်လည်းသမီးလေးတွေအတွက်ပဲစဉ်း

စားတော့တယ်လို့ပြောပါတယ်။ပရိသတ်ကြီးကတော့

စောသက်ကိုအနုပညာလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ

ချစ်နေကြမှာအသေအချာပါ။Happy Birthdayပါစောသက်။

Source- Saw Thet


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။