စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် မိုင်းသုန်ကျေးရွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ခန့် ဟန်လင်းပျူခေတ်မှ လက်နက်ပစ္စည်းများကို တစ်နေရာတည်းတွင် တစုတဝေးတည်း တွေ့ရှိရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဦးဆုံးအကြိမ်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသနအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဓားတွေကို တွေ့တာတော့ ၁၀ နှစ်လောက်ရှိပြီလို့ ပြောတယ်။ သူတို့ကမသိတော့ ဒီတိုင်းပဲထားလိုက်ကြတာ။ နောက်တော့ အဲဒီရွာကဦးရဲဝင်းရဲ့ လယ်ကွက်အနီး တောင်ကုန်းလေးမှာ ရေမြောင်းတူးတော့ ပုတီးတွေနဲ့ တခြားဟာတွေ ထပ်တွေ့တာပေါ့။ အဲဒီလိုထပ်တွေ့တော့ ရှေးဟောင်းပစ္စည်း ဝယ်ချင်တဲ့လူတွေဆီကနေ သတင်းတွေထွက်လာပြီး စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသနအဖွဲ့တွေနဲ့သွားပြီး ကွင်းဆင်းလေ့လာတဲ့အခါ ပျူခေတ်က ပစ္စည်းတွေဆိုတာ သိရတာပေါ့” ဟု ဦးသန်းဌေးက ပြောကြားသည်။

ယခုတွေ့ရှိရသော ရှေးဟောင်းပစ္စည်းများမှာ ဓားမျိုးစုံ (တိုက်ခိုက်ရေးသုံး၊ လုပ်ငန်းသုံး) ၁၀၁ ချောင်း၊ ကျောက်ပုတီးစေ့ရောင်စုံနှင့်၊ အရိုးများထည့်ထားသော အိုးခြမ်းကွဲများ၊ ကြေးအိုးအပိုင်းအစများနှင့် အခြားပစ္စည်းများ ပါဝင်ကြောင်း၊ တူးဖော်ရေးအဖွဲ့ များက နောက်ထပ်တူးဖော်မှုတွေပြုလုပ်ပြီး Radio Carbon စနစ် ဖြင့် စစ်ဆေးပြီးမှသာ တိတိကျကျ သတင်းထုတ်ပြန်နိုင်မည် ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနအဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

Source – Eleven Media

Photos - Sagaing Regional Information Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။