ဇက်ကြောတက်၊ နောက်ကြောတက်တာတွေ ကြွက်သား တွေ မာတင်းတာကြောင့်ဖြစ်တတ်ပြီး ကိုယ့်တစ်နေ့တာလုံးကို အနှောက်အယှက်ဖြစ်စေပါတယ်။

တခါတလေ ၁ ရက် ပိုကြာရှည်အောင် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ခေါင်း လေ့ကျင့်ခန်း ကို လုပ်ပေးသင့်ပါတယ်။ အဲ့ဒီ တခြား သဘာဝ နည်းလမ်း နဲ့ကာကွယ်လို့ရတဲ့ နည်းတွေကို ဝေမျှချင်ပါတယ်။

ပုဝါ ကို လည်ပင်း မှာပတ်ပါ

အခုဆိုရင် ဆောင်းတွင်း ၀င်လာပါပြီ။ ဇက်ကြောတက်၊ နောက်ကြောတက်တွေက ရာသီဥတု အေးရင်လည်း ဖြစ်တတ်ပါတယ်။ ပုဝါ လေးပတ်ပြီး လည်ပင်း ကို နွေးနွေးလေး လုပ်ထားရင် ဇက်ကြောတက် ၊ နောက်ကြောတက်တာတွေသက်သာစေတဲ့အပြင် ဖက်ရှင်လည်း ကျစေမှာပါ။

အပူအအေးနဲ့ကုလို့ရ

ဇက်ကြောတက်၊ နောက်ကြောတက်နေတဲ့နေရာကို ရေခဲကပ်ပေးပါ။ ရေခဲက ကြွက်သား တွေ တင်းတာ၊ ရောင်ရမ်းတာတွေကို ကျစေပါတယ်။ အပူကလည်း ကြွက်သား တွေတင်းနေတာကိုတွေ လျော့စေပါတယ်။

ရေခဲတုံး ကို ကုတ်နဲ့ပခုံးပေါ်မှာ မိနစ် ၂၀ လောက်ကပ်ပေးထားပြီးနောက် ရေနွေးအိတ်ကပ်ပေးပါ။ ဒါဆိုရင် ဇက်ကြောတက်၊ နောက်ကြောတက်တွေသက်သာလာပါလိမ့်မယ်။

ရေဓာတ် လုံလောက်အောင် သောက်ပေးပါ

ရေဓာတ် ခမ်းခြောက်ရင်လည်း ဇက်ကြောတက်၊ နောက်ကြောတက်တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြား သောက်သင့်ပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်က နေပူထဲထွက်ပြီး ရေဓာတ် ခမ်းခြောက်မှုများရင် ပိုသောက်သင့်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

ဇက်ကြောတက်၊ နောက်ကြောတက်နေရင် အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လို့ ပြောရာမှာ ကုတ်ပေါ်မှာ အလေးတွေ တင်ပြီး မတာမျိုး မလုပ်ပါနဲ့။ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်း တွေဖြစ်တဲ့ cardio တို့ yoga စသည်တို့ ဆော့လို့ရပါတယ်။ ရေကူးတာမျိုးတို့လည်း လုပ်ဆောင်ပေးပါ။

Source : My Food 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။