ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံဟာ အရင်တုန်းက ကြော်ငြာတွေကို ပြန်ပြီး လွမ်းဆွတ်နေပုံရပါတယ်..။ တချိန်က ကြော်ငြာ တေးသီချင်းကောင်းလေးတွေကို Share ထားပြီး ပြန်လည်မျှဝေထားတာတွေ့ရပါတယ်..။ သူမအနေနဲ့ နှစ်သက်ခဲ့ရတဲ့ ကြော်ငြာတေးသီချင်းတွေကို ကြိုက်နှစ်သက်ရတဲ့ သရုပ်ဆောင်တွေကိုနှင့်အတူ ပြန်လည်တွေ့မြင်ရတဲ့အခါ သူမကိုယ်တိုင်ပြန်ငယ်သွားသလို ခံစားရတယ်လို့လည်း ဆိုပါတယ်..။ အရင်တုန်းက ကြော်ငြာတွေဆိုပေမယ့်လည်း သိပ်ပြီး ခေတ်နောက်မကျနေဘူး အရင်ကကြော်ငြာတွေလို ခုခေတ်ကြော်ငြာတွေက ရင်ထဲ မကျန်ခဲ့ဘူးလို့လည်း သူမပြောထားပါတယ်..။

မင်းသမီးချောလေး မိုးယုစံက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ အရင်က ကြော်ငြာသီချင်းတွေက ကောင်းလိုက်တာ စွဲကျန်ခဲ့တယ် ရူးခဲ့ရတဲ့သီချင်းတွေ ခုထိရနေတုန်းပဲ သီချင်းစာသား သံဇဉ်ကအရေးကြီးတယ် ငယ်ငယ်တုန်းက ကြိုက်ပီး အားကျခဲ့ရသူတွေ သရုပ်ဆောင်တာတွေလည်းကောင်း ဆိုတာတွေလည်းကောင်း အရင်တုန်းကဆိုပေမဲ့ခေတ်သိပ်နောက်ကျမနေဘူး အရင်ကကြော်ငြာတွေလို ခုခေတ်ကြော်ငြာတွေက ရင်ထဲမကျန်ခဲ့ဘူး Tvအစီစဉ်တွေမကြည့်ကြတော့တာလည်းပါမယ် ပြန်ကြည့်ရတာ ပြန်ငယ်သွားသလိုပဲ ” လို့ ရေးသားထားပြီး အရင်တုန်းက ကြော်ငြာသီချင်းလေးတွေကို ပြန်လည် ဝေမျှထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး မိုးယုစံဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။ လတ်တလောမှာတော့ သားဦးလေးကို မွေးဖွားထားပြီး အနုပညာအလုပ်တွေနည်းပါးနေပေမယ့် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်..။ ရင်သွေးလေးကို ဂရုစိုက်ချင်တာကြောင့် အနုပညာအလုပ်တွေ ခတ္တရပ်နားထားတာလည်း ဖြစ်ပါတယ်..။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့် သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကိုအမြဲ ပြန်လည် မျှဝေလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။