ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်သူအသက်၁၂နှစ်အရွယ်ယောကျာ်းလေးတစ်ဦးကြောင့် အသက်၂၂နှစ်အရွယ် မာရီဆာ ဟားရ်စ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။သေကြောင်းကြံစည်သူအမျိုးသားဟာတံတားပေါ်မှအမေရိကန်အဝေးပြေးလမ်းမထက်သို့ခုန်ချရန်ကြိုးစားမှုကြောင့်သူမရဲ ့ကားပေါ်သို ့ကျခဲ့ချိန်မှာကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

မာရီဆာနှင့်သူ၏ချစ်သူဟုထင်ရသူယောကျာ်းလေးတစ်ဦးဟာဗာဂျီနီးယားမြောက်ပိုင်းဖဲဖက်စ်ပြည်နယ်အင်တာစတိတ်၆၆ရဲ့အရှေ့ဘက်တစ်လျှောက်မောင်းနှင်ဘာခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါဖြစ်ရပ်တွင်လိုက်ပါလာသူမှာမည်မျှပင်ထိခိုက်ဒဏ်ရာမရရှိခဲ့ဘဲသေကြောင်းကြံစည်သူအမျိုးသားမှာ အသက်အန္တရာယ်ရှိလောက်သောအခြေအနေရှိခဲ့ပြီး မာရီဆာကမူ သေဆုံးခဲ့ရပါတယ်။

မာရီဆာသည်အာလင်တွန်တွင်နေထိုင်လျှက်ရှိပြီးမေရီမောင့်တက္ကသိုလ်တွင်ClinicalCouncellingဘာသာရပ်ကိုလေ့လာနေသူလည်းဖြစ်ပါတယ်။သူမရဲ့မိသားစုပြောကြားချက်အရသူမသည်များစွာသောအပြုအမူဆိုင်ရာပြသနာရှိသောကလေးတွေနဲ့ဆွေးနွေးတိုင်ပင်ခြင်းအလုပ်လုပ်ရတာကိုနှစ်ခြိုက်သူလည်းဖြစ်ပါတယ်။ဒါ့အပြင်သူမဟာအလွန်တော်တဲ့ကျောင်းသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။သူမဟာကလေးတွေကိုအလွန်ချစ်သူလည်းဖြစ်သလိုသူမရဲ့သူငယ်ချင်းတွေမိသားစုဝင်တွေလုပ်ဖော်ကိုင်ဖက်တွေအပေါ်အလွန်ချစ်သူလည်းဖြစ်ပါတယ်။သူမဟာတောက်ပခဲ့တဲ့ကြယ်ပွင့်တစ်ပွင့်ပါဘဲလို ့မာရီဆာ၏ဖခင် ပက်ထရစ်ကပြောပါတယ်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့လမ်းကိုတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို ့အတွက်နာရီပေါင်းများစွာပိတ်ထားခဲ့ပါတယ်။

Source - metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။