အောက်တိုဘာ ၂၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ က အိန္ဒိယ ငါးဖမ်းသမား ၆၈ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေပြောကြာချက်များအရသိရပါတယ်။ခုလိုပြန်လွှတ်ခဲ့ရတဲ့အကြောင်းရင်းမှာ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ နယ်စပ်ချင်း အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် တင်းမာမှုတွေကို လျော့ချတဲ့အနေနဲ့ လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ယခုလွှတ်ပေးခဲ့တဲ့ အိန္ဒိယ ငါးဖမ်းသမားများဟာ ပါကစ္စတန် ရေပိုင်နက်အတွင်းကို ကျူးကျော်ကာ တရားမဝင် ငါးဖမ်းခြင်းကြောင့် ဖမ်းဆီးခံထားရတာလည်းဖြစ်ပါတယ်။ပါကစ္စတန် နိုင်ငံ ဆိတ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမြို့ရှိ အကျဉ်းထောင် တစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်ခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။အောက်တိုဘာ ၃၀ ရက်မှာ လွတ်မြောက်လာတဲ့ ငါးဖမ်းသမားတွေကို အိန္ဒိယ အာဏာပိုင်များထံလွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ဟာ နှစ်နိုင်ငံရေပိုင်နက် နယ်နိမိတ်တလျှောက် တရားမဝင်ငါးဖမ်းသမားတွေကို မကြာခဏ ဖမ်းဆီးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ယခုအချိန်ထိတော့ ပင်လယ်ရေကြောင်း နယ်သတ်မှတ်မျဉ်းအတွက် သတောတူညီမှု မရရှိသေးတာလည်းဖြစ်ပါတယ်

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။