မင်းသမီးမြတ်ကေသီအောင်ဟာ ပရိတ်သတ်တွေရဲ့အချစ်ကိုဆယ်စုနှစ်ကျော်ကြာ ထိန်းသိမ်း လာနိုင်ခဲ့သူလဲဖြစ်ပါတယ်။ သူမဟာပွင့်လင်းရိုးသားသူတစ်ယောက်ဖြစ်သလို အနုပညာလော ကမှာလဲ အောင်မြင်မှုရရှိနေတဲ့ မင်းသမီးတစ်ယောက်လဲဖြစ်ပါတယ်။ သူမရဲ့အိမ်ထောင် ရေးနဲ့ပက်သက်လို့လဲ MRTV-4 က Let’s Talk အစီအစဉ်မှာ ပွင့်လင်းစွာ အားလုံးပြောပြခဲ့ပြီး ဖြစ်တာ ပရိတ်သတ်တွေအမြင်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြတ်ကေသီအောင်ရဲ့ မဖွယ်မရာပုံတွေကို ဘယ်သူဖွလိုက်မှန်းမသိရပါပဲ Facebook ပေါ်မှာပလူပျံခဲ့ပါသေးတယ်။ သူမအနေနဲ့ဒီကိစ္စတွေကိုယနေ့ထက်တိုင် ဘာမှ မပြောပဲ နှုတ်ဆိတ်နေတဲ့အနေအထားမှာပဲရှိပါတယ်။ ယခင်က သူမရဲ့ခင်ပွန်းဟောင်း ဖြစ် သူ ကိုအောင်ဇော်လတ်ဟာလည်း ယခုအမေရိကုန်နိုင်ငံနယူးယောက်မြို့မှာနေထိုင်ပြီး မိသား စုအသစ်နဲ့ရှိနေတယ်လို့သိရပါတယ်။

မသီတာမြင့် (ခ) မြတ်ကေသီအောင်နဲ့ ကိုအောင်ဇော်လတ်တို့ဟာ 2006 ခုနှစ်မှာ နှစ်ဦး သဘောတူ လက်ထပ်ထိမ်းမြားခဲ့ကြပြီး 2008 ခုနှစ်မှာတော့ တရားဝင်ကွာရှင်း ပြတ်ဆဲခဲ့ တာပဲဖြစ်ပါတယ်။ ကိုအောင်ဇော်လတ်ရဲ့ပြောစကားများအရမြတ်ကေသီအောင်ဟာ လူမှုရေး ဖောက်ပြန်ခြင်းအပြစ်ကို ကျူးလွန်းမိတာကြောင့် သူ့အနေနဲ့ ခွင့်လွှတ်ပေးနိုင်စွမ်း ကုန်ခမ်းပြီး နောက်မှာ ကွာရှင်းပြတ်ဆဲခဲ့တယ်လို့ဆိုပါတယ်။

ကွာရှင်းသည့်ခုနှစ်မှာ 2008 ခုနှစ်ကဖြစ်ပြီး အခုဆို 9 နှစ်တာကာလ ရှိနေပြီဖြစ်သော် လည်း သူမရဲ့ မဖွယ်မရာပုံများ ပြန့်နှံ့လာပြီးနောက်မှာတော့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး အကြောင်း မသိသေးဘူးတစ်ချို့ကို သေချာအောင်ရှင်းပြချင်တယ်ဆိုတဲ့အကြောင်းပြချက်ဖြင့် 2008 ခုနှစ်က ကြေးမှုံသတင်းစာမှာ ထည့်ကြော်ငြာခဲ့တဲ့ မသီတာမြင့် (ခ) မြတ်ကေသီ အောင်အား ဇနီးအဖြစ်မှစွန့်လွှတ်ခြင်းဆိုသည့် စာပိုဒ်လေးနှင့်တကွ အိမ်ထောင်ရေးမပြေ လည်မှုများကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

မြတ်ကေသီအောင်အနေနဲ့လည်း ယခုအချိန်မှာ ဘာတစ်ခုမှပြောဆိုရှင်းပြခြင်းမရှိပဲ သူမ တစ်ယောက်တည်း သီးသန့်ရပ်တည်နေတာကိုလဲ တွေ့ရပါတယ်။ အားပေးသူပရိတ်သတ် တွေနဲ့ ရှုံ့ချသူ လူတစ်ချို့ရှိနေပေမယ့် မင်းသမီးအနေနဲ့ကတော့ ဘာမှပြန်လည် ခွန်းတုန့် ပြန်ပြောဆိုခြင်း မရှိပါဘူး။ Facebook ပေါ်မှာ ပုံအသစ်စာအသစ်တွေ မတွေ့ရသလို အရင် လို အချစ်ဒဿနတွေကိုလဲ သူမအနေနဲ့ ဘာမှဖော်ပြခြင်းမရှိတော့ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။