မြန်မာ နိုင်ငံမှာ သာမက ထိုင်းနိုင်ငံရှိ နူတ်ခမ်းနီမလေးတွေ အသဲစွဲ ကွီးစိုင်းဟာ တောင်ကြီးမှာ မှာ ကျင်းပတဲ့ Tasungdine Music Festival (TSD) မှာ ဖျော်ဖြေဖို့အတွက် ယနေ့ မွန်းလွဲ တောင်ကြီးကို ရောက်ရှိနေပါပြီ။ ရောက်ရှိနေကြောင်းကို လည်း သူရဲ့ လူမှု ကွန်ရက်မှာ ရေးသားထားပါသေးတယ်။

“တောင်ကြီးရောက်နေပါပြီ

နေလည်းမထွက်ပါ

စိမ့်ပြီးအေးပါတယ်

ညကျရင် ပွဲခင်းထဲမှာတွေ့မယ်ဗျာ

Tonight is the night” ဆိုပြီးရေးသားထားတာပါ။

အဆိုပါ TSD ပွဲကို အောက်တိုဘာလ ၂၆ရက် နေ့မှာ နိုဝင်ဘာ ၃ရက်နေ့အထိကျင်း ပမည်ဖြစ်ပြီး အောက်တိုဘာ ၃၀ရက်နေ့တွင် စိုင်းစိုင်း၊ ဘန်နီဖြိုး၊ အမရာတို့ကလည်းကောင်း၊ ၃၁ ရက်နေ့တွင် Snare အဖွဲ့၊ စိုင်းစိုင်း၊ G-Fatt တို့က အသီးသီးပါဝင် ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

နောက်ထပ် ဝမ်းသာစရာ သတင်းလေး တခုကတော့ စိုင်းစိုင်းက သူ့ရဲ့ တောင်ကြီးက ပရိတ်သတ်တွေ အတွက် Fan Meeting တခုကို နိုဝင်ဘာ ၂ ရက်၊ နေ့လည် ၂ နာရီ မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ကျင်းပ မယ့် နေရာကိုတော့ ပြန်လည် ကြေငြာပေးမည် ဖြစ်ကာ၊ မန္တလေးက ပရိတ်သတ်တွေ နဲ့ နောက်လ တွေမှာ တွေ့နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ပြေားကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကွီးစိုင်းရဲ့နုတ်ခမ်းနီ အသစ်ကို သူရဲ့ ပရိတ်သက်ကြီးထံ မိတ်ဆက်ပေးခဲ့ ပြီး၊ တနှစ်သား SAI ကို ဝန်းရံ ပေးကြတဲ့ SAI ချစ်တဲ့ သူတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ ပါသေးတယ်။ အဆိုပါပွဲမှာ နုတ်ခမ်းနီ ဝယ်ယူအားပေးတဲ့ သူတိုင်းကို SAI SAI ပုံစတစ်ကာ နှင့် SAI SAI ပုံပါဝင်သော ပြက္ခဒိန်တို့ကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source - စိုင်းစိုင်းခမ်းလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။