ကောင်းကင်ပေါ်ကနေကျလာတဲ့ အတောင်ပံပါတဲ့ အဖိုးအို....ပုံထဲက သူကိုတွေ့ရင်တော့ တကယ့်ကို လန့်သွားကြမှာပါ။ နောက်ဘဝတို့၊ နတ်သားနတ်သမီးတို့ကို မယုံကြည်တဲ့သူတွေအတွက်တော့ ဒီပုံဟာ သက်သေတစ်ခုပဲ ဖြစ်ပါလောက်မယ်။

နတ်လို့အတိအကျပြောလို့မရပေမယ့်လဲ အသက်အရွယ်ကြီးပြီဖြစ်တဲ့ အဖိုးအို ရုပ်ရည် နှင့် အမွှေးတွေ မရှိတော့တဲ့ တောင်ပံ နှင့် ဝတ်ဖြူဆင်ကြယ် ဝတ်ထားတဲ့ သူကိုတော့ နတ်သားလို့ခေါ်ကြမှာ အမှန်ပါ။

သတင်းထဲမှာတော့ လန်ဒန် မှာ ဒီ အဖြစ်အပျက်ဟာဖြစ်ပွားခဲ့ပြီး နေ့လည် ၁:၅၀ မှာ ကောင်းကင်ပေါ်ကနေပြုတ်ကျလာတယ်လို့သိရပါတယ်။ များမကြာမီမှာဘဲ Man In Black ထဲက လိုမျိုး ဝတ်စုံ အမည်း နှင့် လူတွေ က ထို အရာကို ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်နိုင်ချေကတော့ ထိုသူဟာ တကယ်ကိုပဲ နတ်ပြည်ကနေ သက်တမ်းကြွေလာတဲ့သူဆိုပြီးပြောနေကြပါတယ်။

ပရိသတ်တွေရော ဘယ်လိုမြင်လဲ နတ်လား ဘာလဲ....

Source: huzlers.com

translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။