ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီဆင်းတုတော်ကြီးကို တရုတ်နိုင်ငံ တန်မင်းဆက်(အေဒီ ၆၁၈- ၉၀၇ ) မှာ တည်ဆောက်ခဲ့ပါတယ်။ မင်ဂျင်း ၊ ဒါဒူ နဲ့ ကွင်ဂျီမြစ်သုံးခုပေါင်းဆုံရာ တောင်နံရံမှာ ထွင်းထုထားတာပါ။ တရုတ်နိုင်ငံ တောင်ပိုင်း ဇီချွမ်ပြည်နယ်မြို့တော် Leshan ရဲ့ အရှေ့ဘက် Emei တောင်ရဲ့ မြစ်ကမ်းပါးတစ်ခုပေါ်မှာ ခက်ခက်ခဲခဲ အနုပညာမြောက်ထွင်းထုထားတာပါ။

ရုပ်ပွားတော်ကြီးကို တရုတ်ဘုန်းတော်ကြီး Haithong က ရ၁၃ခုနှစ်မှာ ဦးစီးတည်ဆောက်ခဲ့ပါတယ်။ တစ်ချိန်က ဒီနေရာဟာ ရေစီးအလွန်ကြမ်းလှပြီး လှေသင်္ဘောများ မကြာခဏ မှောက်လေ့ရှိတာကြောင့် ဒီအန္တရာယ်ကို ပျောက်ကင်းစေခြင်း အလို့ငှာ ဘုန်းတော်ကြီးက တည်ဆောက်ခဲ့တာပါ။ ရုပ်ပွားတော်ကြီး ထွင်းထုရာမှာ ထွက်လာတဲ့ ကျောက်တုံးတွေဟာ မြစ်ထဲကို ကျရောက်ပြီး မြစ်ရေစီးမှုကို နှေးကွေးသွားစေတဲ့အတွက် ဒီဆင်းတုတော်ကြီးကို တည်ဆောက်ပြီး နောက်ပိုင်းမှာ လှေ၊ သင်္ဘော နစ်မြုပ်မှုတွေ အလွန်နည်းပါးသွားပါတယ်။ ဘုန်းတော်ကြီးရဲ့ ဆန္ဒပြည့်ဝခဲ့ပါတယ်။

ဘုန်းတေ်ာကြီးဟာ ရုပ်တုတော်ကြီး မပြီးဆုံးမီမှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် ရန်ပုံငွေနည်းပါးမှုကြောင့် ရုပ်တုတည်ဆောက်ထွင်းထုခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ နှစ် ရ၀ ကျော်မှ အလှူရှင်ပေါ်လို့ ပြန်ဆောက်နိုင်ပြီး အေဒီ ၈၀၃ခုနှစ် မှာ ပြီးအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

ရုပ်ပွားတော်ကြီးဟာ ရ၁မီတာ(၂၃၃ပေ) မြင့်မားပြီး ဒီလိုအမျိုးအစား ရုပ်ပွားတော်တွေထဲက အကြီးဆုံးဖြစ်ပါတယ်။ ပုခုံးနှစ်ဖက် ရ၉ပေ ကျယ်ပြီး လက်ချောင်းတွေကတော့ ၂၇ပေ ရှည်ပါတယ်။ မြစ်ကမ်းဘေးမှာ တည်ဆောက်ထားတဲ့အတွက် ကုန်းလမ်း ၊ ရေလမ်း နှစ်မျိုးလုံးနဲ့ ဖူးမျှော်နိုင်ပါတယ်။ ရု်ပပွားတော်ကြီးဘေးမှာ အပေါ်ကို တက်တဲ့လမ်းရှိပြီး ဦးခေါင်းတော်နဲ့ တစ်တန်းတည်း အမြင့်ကနေ ဖူးနိုင်ပါတယ်။ အတက်အဆင်းလမ်းတွေကို ၈ရာစုခန့်တည်းက တည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရုပ်ပွားတော်ကြီး တည်ရှိရာတောင်ကို Emei တောင်လို့ခေါ်ပြီး ဒီတောင်ပေါ်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အပင်များလည်း ရှိနေပါတယ်။ အရင်တုန်းကတော့ ရုပ်ပွားတော်ကြီးမှာ ဘုံအမြင့် ၃၀ထပ် အမိုးရှိပြီး မွန်ဂိုကျူးကျော်သူတွေဖျက်စီးပစ်လိုက်တဲ့အတွက် ယခုအခါ မရှိတော့ပါ။

ရုပ်ပွားတော်ကြီးဟာ လေဒါဏ်မိုးဒါဏ် ရာသီဥတုဒါဏ်ကို နှစ်ပေါင်း ၁၃၀၀ကျော် ခံခဲ့ပေမယ့် ပျက်စီးခြင်းမရှိတဲ့ အကြောင်းကတော့ ထွင်းထုတည်ဆောက်စဉ်တုန်းက ရေဆင်းမြောင်းတွေ ၊ ရေဆင်းပိုက်တွေ ထည့်သွင်းတည်ဆောက်ခဲ့တဲ့ ပညာရှင်တွေရဲ့ အိုင်ဒီယာကြောင့်လို့ သိရပါတယ်။

နှစ်စဉ် ထောင်သောင်းချီတဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ ဒီရုပ်ပွားတော်ကြီးကို ၁၉၉၆ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းသတ်မှတ်ပြီး ထိမ်းသိမ်းခဲ့ပါတယ်။

ပါတယ်။

source - သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။