အောက်တိုဘာ(၂၉)ရက်နေ့မနေ့ကည၁၀နာရီကျော်အချိန်တွင်ရန်ကုန်မြို့,ဒဂုံမြို့နယ်,ပြည်လမ်းတော်ဝင်စင်တာတွင်လက်လုပ်မိုင်းနှင့်ပုံစံတူအရာဝတ္ထုတစ်ခုတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။အဆိုပါဖြစ်စဉ်မှာပြည်လမ်း,တော်ဝင်စင်တာ,Basement1အများသုံးသန့်စင်ခန်းတွင်လက်လုပ်မိုင်းနဲ့ပုံစံတူပြုလုပ်ထားသည့်အရာဝတ္ထုတစ်ခုကိုတွေ့ရှိခဲ့တာကြောင့်ဈေးဝယ်ပြည်သူများနဲ့ဝန်ထမ်းများအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။၎င်းအရာဝတ္ထုမှာ တိတ်အမဲနှင့်ပတ်ထားပြီးဝါယာကြိုးအနီစဖြင့်ဆက်သွယ်ထားတဲ့ကားအင်ဂျင်Filterဗူးပုံစံဖြစ်တယ်လို့သိရပါတယ်။

အဆိုပါအရာဝတ္ထုကိုတော်ဝင်စင်တာမှယာဉ်မောင်းအမျိုးသားတစ်ဦးကစတင်တွေ့ရှိတာဖြစ်ပြီးသက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ည၁၁နာရီအချိန်ခန့်တွင်တော်ဝင်စင်တာအုပ်ချုပ်ရေးအဖွဲ့မှဒဂုံမြို့နယ်ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့တာကြောင့်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့,အမှတ်(၅)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ့နှင့်အတူအမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်မှမိုင်းရှင်းလင်းရေးအဖွဲ့တို့လာရောက်ကြည့်ရှု့စစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။၎င်းလက်လုပ်မိုင်းနဲ့ပုံစံတူပြုလုပ်ထားတဲ့အရာဝတ္ထုဟာအများပြည်သူများအထိတ်တလန့်ဖြစ်စေဖို့လာထားသွားတာပါဟု ရဲအရာရှိတစ်ဦးကဆိုပါတယ်။

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။