နာမည်ကြီးအနုပညာရှင်တွေမှာလည်း သူတို့ချစ်ရတဲ့ မိသားစုဝင်မောင်နှမညီအစ်မတွေ ကိုယ်စီနဲ့ပြင်ပဘဝမှာလည်း ပျော်ရွှင်စွာဖြတ်သန်းနေကြတာဖြစ်ပါတယ်။

အနုပညာရှင်ရယ်လို့ ဖြစ်လာရင်တော့ သူတို့ကိုချစ်ခင်အားပေးလို့ စိတ်ဝင်စားတဲ့ပရိသတ်ကလည်း အနည်းနဲ့အများရှိကြမှာပါ။

ပရိသတ်အချစ်တော် ဆယ်လီတွေအနက် မင်းသမီးတွေထဲမှာလည်း အနုပညာလမ်းကြောင်းတူတူဖောက်နေတဲ့ ၀ါသနာတူ ညီအစ်မရင်းချာတွေ ရှိကြပါတယ်။

အနုပညာအသိုင်းဝိုင်းကြီးတဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင် စိုးမြတ်သူဇာ(မကြီးစိုး) တို့ညီအစ်မတွေကို အရင်ဆုံးပြေးမြင်မိပါတယ်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့အတူ အကယ်ဒမီရရှိထားတဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်ကလျာ နဲ့ စိုးမြတ်နန္ဒာ တို့ညီအစ်မတွေဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတွေဖြစ်ပါတယ်။ သူတို့ညီအစ်မတွေထဲမှာ စိုးမြတ်ကလျာကလွဲရင် မကြီးစိုး နဲ့ ဒါဒါက အနုပညာလှုပ်ရှားမှုတွေလုပ်ဖြစ်နေတုန်းပါပဲ။

နောက်ထပ် အနုပညာလောကမှာ ညီအစ်မရင်းတော်စပ်သူလေးတွေကတော့ လက်ရှိမှာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အိချောပိုတို့ညီအစ်မနှစ်ယောက်ပါ။

ညီမဖြစ်သူကတော့ မကြာသေးမီကမှ အစ်မဖြစ်တဲ့အိချောပိုနဲ့ MTV တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ထားဆဲဖြစ်ပါတယ်။ အိချောပိုရဲ့ ညီမလေး အိသိရိချိုမောင်ကို ရော အားပေးမှာလား။

တတိယမြောက် ဖော်ပြပေးချုင်တဲ့ ညီအစ်မတွေကတော့ အသက်ငယ်ဆုံးအနုပညာရှင်ညီအစ်မတွေဖြစ်တဲ့ ရွှေမှုန်ရတီ နဲ့ ငွေမှုန်ရတီ တို့ပါပဲ။ သူမတို့ညီအစ်မနှစ်ယောက်လုံးဟာ အနုပညာလောကမှာ ဆယ်ကျော်သက်အရွယ် ဇာတ်ရုပ်အပီပြင်ဆုံးသရုပ်ဆောင်တွေအဖြစ် ရပ်တည်နေပါတယ်။ ရွှေမှုန်ကတော့ လက်ရှိမှာ ပရိသတ်အများဆုံးရရှိထားပါတယ်။

နောက်ထပ် ဒိတ်ဒိတ်ကျဲမင်းသမီးချောလေး ၀တ်မှုန်ရွှေရည်မှာလည်း အနုပညာအလုပ်စလုပ်နေပြီဖြစ်တဲ့ ညီမလေး နဒီရွှေရည် ရှိပါသေးတယ်။ သူမကိုတော့ မကြာသေးမီကမှ ရိုက်ကူးထားတဲ့ Bella အလှကုန်ရဲ့ Hearty Heart မှာ အစ်မဖြစ်တဲ့ ကစ်ကစ်နဲ့အတူ ကြော်ငြာစရိုက်ထားပါတယ်။ 

နောက်ဆုံး ချစ်စရာကောင်းတဲ့ညီအစ်မလေးနှစ်ယောက်ရှိပါသေးတယ်။ သူတို့ကတော့ အိမ်ထောင်ကျပြီဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် မေထွဋ်ခေါင်နဲ့ မေနန်းခေါင်တို့ညီအစ်မပါ။ သူတို့ဟာ အနုပညာအလုပ်တွေမလုပ်ဖြစ်တော့တာကြာပေမယ့် ပရိသတ်တွေကတော့ မှတ်မိနေဦးမှာပါ။

နောက်ထပ် ညီမတွေကတော့ အကယ်ဒမီ ချောရတနာနဲ့ ညီမဖြစ်သူ သန္တာဗိုလ်ပါပဲ. ပေါချောကတော့ ဇာတ်ကားရိုက်ကားမှူတွေနားထားပြီး သားတစ်ယောက်အပြင် ဒုတိယရင်သွေးလေးကိုယ်ဝန်လွယ်ထားရပါတယ် 

ခိုင်သဇင်ငုဝါ နဲ့ ခိုင်သဇင်ယုဝါ တို့ညီအစ်မတွေကလည်း  စူပါမော်ဒယ်တွေဖြစ်ကြပြီး ရှိုးပွဲတွေမှာလည်း အတူတူလျှောက်ကြတာမြင်ဖူးမှာပါ။  

မအေးသောင်းလို့ ပရိသတ်တွေဝန်းရံနေကြတဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်း မှာလည်း တစ်ချိန်က အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်း , ညီမလေး ဆွိဝတ်ရည်သောင်း တို့နဲ့အတူ သီချင်းတွေလည်းအတူဆိုခဲ့ဖူးပါတယ် လက်တလောမှာတော့ မအေးသောင်း တစ်ယောက်သာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိထားတာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။