မြန်မာနိုင်ငံ ဂီတလောက နှင့် ပတ်သက်ပြီးတော့ တေးသံရှင် သားစိုးက ဂီတပညာရှင် အချင်းချင်းစည်းလုံးသင့်ကြောင်း၊ အစိုးအရ အနေဖြင့်လည်း ဂီတပညာရှင်များကို လိုသုံး မဟုတ်ပဲ ကူညီပေးသင့်ကြောင်းကို ပြောဆိုခဲ့ပါတယ်။

“သီအိုရီတုန်းက မပျက်သေးဘူး၊ ရောသမမွှေထွက် တော့ တော်တော်ပျက်စီးသွားပါပြီ၊ ရောသမမွှေဆို တနိုင်ငံလုံး အတိုင်းအတာ အရ ပေါက်ပေမယ့်၊ ရောင်းရတဲ့ အတိုင်းအတာက တသောင်းကျော် ပဲ ရှိတယ် အဲ့တုန်းက ကိုယ်ဆီက ခွင့်ပြုချက်မယူပဲ ထုတ်တဲ့ ရောမမွှေ ဇီးထုတ်တောင် ကိုယ့်ထက်နာမည်ကြီးသေးတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ခိုးကူးခွေ နှိမ်နှင်းရေးကို အစိုးအရအနေဖြင့် ကူညီပေးသင့်ပြီး ထိုကိစ္စနှင့် ပတ်သတ်ပြီး ယခင် အစိုးရက ထိထိရောက်ရောက် မလုပ်ပေးနိုင်ကြောင်း လက်ရှိ အချိန်တွင် ပြန်ကြားရေးဝန်ကြီးအား ဦးတိုက်စာတင်ထားကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

လက်ရှိ အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဆိုင်းဆရာ မင်းမင်းစိုး၊ တေးသံရှင် မိုးမိုး တို့နှင့် သီးချင်းအသစ်များ ပြုလုပ်နေပြီး နောက်နှစ် သကြန်တွင် ၎င်း၏ တကိုယ်တော်အခွေ ထွက်မည် ဖြစ်သည်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။