ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုဟာ ညီမဖြစ်သူ အိသီရိချိုမောင်ကို သရုပ်ဆောင်အလုပ်ကို မလုပ်စေချင်ဘူးလို့ ဆိုပါတယ်..။ အပျော်သဘောနဲ့ ဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကိုလည်း အွန်လိုင်းကနေ ဖြန့်ချီမယ်လို့ သိရပါတယ်..။ သီချင်းလေးကိုတော့ သူမတို့ ညီမနှစ်ယောက်အတူတူ သီဆိုထားတတာ ဖြစ်ပြီး မကြာခင်မှာ fb ကနေ ဖြန့်ချီမယ်လို့လည်း သိရပါတယ်..။ သီချင်းနာမည်က “ဂျစ်ပစီကောင်လေး” ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပြီး အိချောပို၊ ညီမဖြစ်သူ အိသီရိချိုမောင်နှင့် ထူးအောင်တို့ပါ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်..။

“သူဝါသနာပေါ့နော် သူလုပ်ချင်လည်းလုပ် မလုပ်ချင်လည်း မလုပ်နဲ့ပေါ့နော်.. ဒါမယ့် အိချောကတော့ မလုပ်စေချင်ဘူး..။ ပင်ပန်းမယ်.. နောက်တစ်ခုကကျတော့ အိချောကတော့ အရမ်းသည်းခံတတ်တယ် သူကကျတော့ နည်းနည်း စိတ်မြန် လက်မြန်လေးတွေရှိတော့ သည်းမခံနိုင်မှာလည်း ဆိုးတယ် နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ်ပေါ့နော် ဒီအလုပ်တွေက သည်းခံရတယ်.. အပြောအဆိုတွေလည်း မခံနိုင်မှာ ဆိုးတယ်.. အဲ့ဒါတွေကြောင့် မလုပ်စေချင်တာပါ..။” လို့ မင်းသမီးချောလေး အိချောပိုက ဆိုပါတယ်..။ ညီမဖြစ်သူကို သရုပ်ဆောင်တစ်ယောက် မလုပ်စေချင်တဲ့ အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။

အိချောပို ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ မင်းသမီးတွေထဲက တစ်လက်ဖြစ်ပြီး ညီမဖြစ်သူကိုလည်း သရုပ်ဆောင် ပင်ပန်းမှာ စိုးပြီး သရုပ်ဆောင်မလုပ်စေချင်ပေမယ့် ဝါသနာပါရင်တော့ လုပ်ဖို့ ပြောထားပါတယ်..။ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများရိုက်ကူးနေပြီး ကြော်ငြာများလည်း ရိုက်ကူးနေပါတယ်..။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြောငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ ညီမဖြစ်သူ အိသီရိချိုမောင်ကတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး လက်တလော မှာတော့ MBA တက်နေတယ်လို့ သိရပါတယ်။

Source - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။