ဆီမီးဖိုင်နယ်မှာထိုင်းနဲ့တွေ့မယ့်မြန်မာဖူဆယ်


ဒီနေ့ဗီယက်နမ်နဲ့မြန်မာဖူဆယ်အသင်းအုပ်စု

ပထမနေရာလုပွဲကန်ခဲ့ပါတယ်။မြန်မာအသင်း

အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပေမယ့်ခြေစွမ်းကွာဟချက်ကြီးမားတာကြောင့်သုံးဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။နှစ်သင်း

စလုံးဟာဆီမီးဖိုင်နယ်ကိုတော့တက်ရောက်ထားနှင့်ပြီး

သားပါ။

ဗီယက်နမ်၊ထိုင်းနဲ့အင်ဒိုအသင်းတို့ဟာအာဆီယံဖူဆယ်

အင်အားကြီးနိုင်ငံတွေလို့ပြောလို့ရပါတယ်။

မြန်မာအသင်းကတော့အလျှင်အမြန်တိုးတက်လာတဲ့

အသင်းလို့ပြောလို့ရပြီးအင်ဒိုကိုဖြုတ်ချကာဆီမီးဖိုင်နယ်

တက်လာသူပါ။အင်ဒိုဟာအာဆီယံအသင်းတွေထဲမှာ

ထိုင်းကိုနိုင်ဖူးတဲ့တစ်သင်းတည်းသောအသင်းဖြစ်ပြီး

ပြီးခဲ့တဲ့ဆီးဂိမ်းမှာအနိုင်ရခဲ့တာပါ။ထိုင်းဖူဆယ်အသင်း

ကတော့ကမ္ဘာ့အဆင့်ရောက်နေပြီလို့ဆိုရမှာပါ။အခုဆိုရင်

ကမ္ဘာ့အဆင့်20ထဲတောင်ဝင်ရောက်နေပါပြီ။

ထိုင်းကိုကမ္ဘာ့အဆင့်လိုပြောရင်တော့ဗီယက်နမ်ကိုအာရှအဆင့်လို့သတ်မှတ်လို့ရပါတယ်။

ဒီနေ့ပွဲမှာလည်းမြန်မာအသင်းကစားပုံကောင်းခဲ့ပေမယ့်

ဗီယက်နမ်နောက်တန်းကိုဘယ်လိုမှကိုဖောက်လို့မရခဲ့တာပါ။

ပြည့်ဖြိုးမောင်၊အောင်အောင်တို့ရဲ့အပိုင်ကန်ချက်တွေကိုလည်းဗီယက်နမ်ဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ်။ဗီယက်နမ်အတွက်ဂိုးကိုတော့

ဖူထရန်လောင်းကစောစောစီးစီးသွင်းယူ

ပေးသွားပါတယ်။ပွဲပြီးခါနီးအချိန်အထိတစ်ဂိုးအသာနဲ့ဗီယက်နမ်ကဦးဆောင်ထားပါတယ်။ချေပဂိုးရချင်တဲ့မြန်မာအသင်းဟာ

ဂိုးသမားပါတက်ပြီးPower Playကစားတာကြောင့်

နှစ်ဂိုးထပ်ပေးလိုက်ရပြီးအုပ်စုဒုတ်ယနဲ့ကျေနပ်လိုက်

ရပါတယ်။ဆီမီးမှာတော့ထိုင်းနဲ့တွေ့မှာပါ။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။