စောစီးစွာလေ့ကျင့်ခန်းပြန်စမယ့်ရတနာပုံ


မနှစ်ကဘောလုံးရာသီမှာသရဖူဆောင်းနိုင်ခဲ့တဲ့

ရတနာပုံအသင်းဒီနှစ်မှာတော့ဇာတ်သိမ်းမလှခဲ့ပါဘူး။

ပထမရာသီဝက်မှာအကောင်းဆုံးခြေစွမ်းတွေနဲ့ထိပ်ဆုံးက

ပြေးခဲ့ပေမယ့်ဒုတိယရာသီဝက်မှာတော့အလွဲလွဲအချော်ချော်

တွေဖြစ်ကာရာသီပိတ်ချိန်မှာချန်ပီယံဆုနဲ့လွှဲချော်ပြီး

မြင်းကောင်းခွာလိပ်ဖြစ်ခဲ့ရပါတယ်။အမှတ်ပေးဖလားမရ

တော့ဗိုလ်ချုပ်ဒိုင်းတော့ရအောင်ယူလိုက်မဟဲ့ဆိုပြီး

ဗိုလ်ချုပ်ဒိုင်းဘက်လှည့်ခဲ့ပေမယ့်မဟာပြိုင်ဘက်ကြီး

ရန်ကုန်ကိုအရှုံးပေးကာဆီမီးဖိုင်နယ်အဆင့်ကနေ

ထွက်ခွာခဲ့ရပါတယ်။




ရတနာပုံနည်းပြရီနီအတွက်လည်းဖလားလက်မဲ့ရာသီ

တစ်ခုမှာပြင်းထန်တဲ့ဖိအားတွေကြုံတွေ့စေခဲ့ရပါတယ်။

ရတနာပုံအသင်းရဲ့ဒီရာသီကျဆုံးမှုတွေအတွက်ရတနာပုံ

ပရိသတ်တွေဟာရီနီကိုအပြစ်တင်ခဲ့ကြပြီးနှုတ်ထွက်ဖို့အထိ

တောင်းဆိုခဲ့ကြပါတယ်။ရီနီကလည်းပရိသတ်တွေပြောစရာ

ဖြစ်အောင်ကိုပဲအာရှချန်ပီယံလိဂ်Play-Offအဆင့်လည်း

အောင်မြင်အောင်မစွမ်းဆောင်ပေးနိုင်ရုံသာမကပြည်တွင်း

ဖလားတွေလည်းမရရှိခဲ့တာကို။



ရီနီဟာဒီနှစ်ကအမှားတွေကိုသင်ခန်းစာယူပြီးနောက်နှစ်

အတွက်အစောကြီးပြင်ဆင်မှုတွေပြုလုပ်ဖို့ကြံစည်နေ

ပါပြီ။နေရှင်နယ်လိဂ်ဟာဒီတစ်ပတ်ထဲမှာမှပြီးသွားပေမယ့်

ရတနာပုံအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုတော့

လာမယ့်နိုဝင်ဘာ27မှာပြန်စမှာပါ။ရတနာပုံအသင်းက

ကစားသမားတစ်ချို့ကတော့နားရက်တောင်

သိပ်ရမှာမဟုတ်ပါဘူး။သူတို့ကတော့မြန်မာ့လက်ရွေးစင်

မှာရွေးချာ်ခံထားရတဲ့လှိုင်းဘိုဘို၊အောင်သူ၊သက်နိုင်၊

သိန်းသန်းဝင်း၊မျိုးကိုထွန်းနဲ့စည်သူအောင်တို့ပါ။သူတို့ဟာ

လာမယ့်လထဲမှာမြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့အတူ

ကမ္ဘောဒီးယား၊အိန္ဒိယလက်ရွေးစင်အသင်းတွေနဲ့

ကစားဖို့ရှိနေတာကြောင့်ပါ။

Source -YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။