ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသား မင်းသမီး တွေထဲမှာ နာမည်တစ်လုံးစီရှိတဲ့ မင်းသား နဲ့ မင်းသမီးတို့လည်း ပါဝင်ပါတယ်။ ပျိုမေတိုင်းကြိုက်နှစ်သက်တဲ့ စွဲဆောင်မှုပြင်းလွန်းတဲ့ ဒေါင်းနဲ့ ပုရိသတွေသာမက မိန်းကလေးအချင်းချင်းပါ ကြွေလောက်တဲ့အထိ လှရက်တဲ့ မေ တို့ရဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား နာမည်ကြီးလို့နေပါတယ်။ 

ပျိုမေတို့ရဲ့ အချစ်တော် မင်းသား ဒေါင်း တစ်ယောက်ကတော့ ပန်းခင်းကြီးထဲမှာ ပျော်လို့နေပါတယ် ပရိသတ်ကြီးရေ။ ရောင်စုံပန်းတွေပွင့်နေတဲ့ ပန်းခင်းကြီးထဲမှာ ရိုက်ထားတဲ့ မင်းသား ဒေါင်း ရဲ့ဓာတ်ပုံတွေကတော့ လူမှုကွန်ယက်ပေါ်မှာ share လုပ်သူ တွေနဲ့ ရေပန်းစား နာမည်ကြီးလို့နေပါတယ်။ ချစ်ကြတဲ့ ပရိသတ်တွေကတော့ ပန်းခင်းကြီးက ဒေါင်းနဲ့မှ ပိုလို့လှ နေတယ်ဆိုပြီး ဆိုထားကြပါတယ်။

ပုရိသတို့ရဲ့ အချစ်တော် မင်းသမီးလေး မေ တစ်ယောက်ကတော့ မန္တလေးမြို့သို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ နေရာစုံလျောက်လည်နေတဲ့ မေ တစ်ယောက်ရဲ့ ဓာတ်ပုံတွေဟာ မန္တလေးမြို့ကြီးရဲ့ အလှနဲ့ သိပ်ကိုလိုက်ဖက်လို့နေပါတော့တယ်။ ဘုရားပေါ်မှာ အဖြူရောင်မြန်မာ ဝမ်းဆက်လေးနဲ့ သူမရဲ့ ဓာတ်ပုံတွေကတော့ မြင်ရတဲ့ပရိသတ်တွေအဖို့ သဘောကျနှစ်သက်စရာကောင်းပြီး လူမှုစာမျက်နှာတွေထက်မှာ နေရာယူလို့ထားပါတယ်။

ကဲ ပရိသတ်ကြီးရေ ဆွဲဆောင်မှုပြင်းတဲ့ မင်းသား ဒေါင်းနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသမီး မေ တို့ရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Source: Thura Aung & Candy May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။