ဆောင်ဂျွန်ကီ နဲ ့ဆောင်းဟေကို တို့ရဲ့မင်္ဂလာအခမ်းအနားသတင်းတွေဟာ အမျိုးမျိုးထွက်ရှိနေခဲ့ပါတယ်။ယခုအခါမှာထပ်မံထွက်ရှိလာသောသတင်းကတော့လီဂျွန်ကီရဲ့သူငယ်ချင်းများဖြစ်သောလီကွမ်ဆိုးနှင့်ပတ်ဘုံဂမ်းတို ့နှစ်ယောက်အပြင်ဆောင်းဟေကိုရဲ့သူငယ်ချင်းဖြစ်သူ ယွန်ဟအင်တို့ကလည်းမင်္ဂလာပွဲမှာ ပါ၀င်ကူညီကြမယ်လို ့ပြောကြားထားပါတယ်။ 

ဆောင်-ဆောင်စုံတွဲရဲ့မင်္ဂလာပွဲမှာပတ်ဘုံဂမ်းမှစန္ဒရားတီးပြီးဂုဏ်ပြုပေးမှာဖြစ်သလို မင်္ဂလာကျက်သရေအတိနဲ ့အဓိပ္ပါယ်ရှိသောသီချင်းတွေကို သီဆိုဂုဏ်ပြုပေးမှာဘဲဖြစ်ပါတယ်။

ဒါ့အပြင် လီကွမ်ဆိုး နဲ့ ယွန်းဟအင်ကလည်း မင်္ဂလာစာလွှာစကားဖတ်ကြားပေးမှာဖြစ်ပါတယ်။

အောက်တိုဘာ၃၁ရက်နေ ့မှာတော့သီးသန့်မင်္ဂလာပွဲကိုဆိုးလ်မြို ့ရှိလာဟိုတယ်မှာကျင်းပမှာဖြစ်ပါတယ်။အဆိုပါအခမ်းအနားကိုတော့နှစ်ဖက်သောအနုပညာရှင်များရဲ့ရင်းနှီးသော ဆွေမျိုးမိသားစုနှင့်မိတ်ဆွေအယောက်၂၅၀ခန် ့ကိုသာဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။မင်္ဂလာသီချင်းကို အုတ်ဂျိုဟွန်းမှ သီဆိုပေးမည်ဖြစ်ပါတယ်။

ဆောင်-ဆောင်စုံတွဲဟာ မင်္ဂလာပွဲအပြီးမှာ ဥရောပဘက်သို ့ဟန်းနီးမွန်းထွက်မည်ဖြစ်ပါတယ်။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။