ကော်ဖီချစ်သူ ဇာတ်လမ်းတွဲနဲ့ နာမည်ကြီလာပြီး Train To Busan နဲ့လူသိများလာတဲ့ မင်းသား Gong Yoo ဟာ ယခုဆိုရင်တော့ ဇာတ်လမ်းတွဲ အသစ်နဲ့ ပရိသတ်တွေ စီကို အရောက်ပြန်လာတော့မှာဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲရဲ့ အမည်ကတော့ Goblin ဖြစ်ပြီး Descendats of the Sun (နေမင်းထံမှဆင်းသက်လာသူများ), The Heirs (ရွှေသရဖူ), နဲ့ Secret Garden (လျို့ဝှက်ဥယျာဉ်) အစရှိတဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့ Kim Eun Sook ဆိုတဲ့ နာမည်ကြီးဇာတ်ညွှန်းရေးဆရာက ရေးသားမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်ချုပ်ကတော့ မှင်စာတစ်ယောက်ဟာ သူ့ရဲ့ ဘဝကို အဆုံသတ်ဖို့ အတွက် မိန်မတစ်ယောက်နဲ့လက်ထပ်ရပါမယ်။ အဲ့ဒီအချိန်မှာပဲ သေခြင်းတရားရဲ့ နတ်သမီးက အတိတ်မေ့နေတော့ သူတို့နှစ်ယောက်လက်ထပ်ပြီးတော့ ကွယ်လွန်သွားတဲ့အခါမှာဒီကမ႓ာကိုရောက်လာမှာဖြစ်ပါတယ်။

Gong Yoo က ဇာတ်ဆောင်နေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Kim Go Eun ဖြစ်ပါတယ်။ အခြားနာမည်ကြီးတဲ့ ဇာတ်ရံပေါင်းများစွာနဲ့ ရိုက်ကူးမဲ့ ကားလဲဖြစ်ပါတယ်။

December မှာစပြမယ်လို့လဲသိရပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။