အသက်အန္တာရယ်စိုးရိမ်ရတဲ့ရောဂါထဲမှာ နှလုံးရောဂါက ထိပ်ဆုံးကပါတာမို့ ကျန်းမာရေးကို မပေါ့လျော့သင့်ပါဘူး။

မျိုးရိုးလိုက်တယ်လို့ ပြောကြတဲ့ နှလုံးရောဂါ ဟာ အသက်အရွယ်မရွေး ရှိနိုင်တာကြောင့် နှလုံးရောဂါမဖြစ်အောင် ဘယ်လိုမျိုးသင့်တင့်မျှတအောင် နေထိုင်ရမလဲဆိုတာ သိထားသင့်ပါတယ်။

ပရိသတ်တွေအတွက် နှလုံးကျန်းမာရေးအတွက် အရေးပါတဲ့ကဏ္ဍမှာ ပါ၀င်နေတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. LDL Cholesterol

Low density lipoprotein (LDL) လို့ခေါ်တဲ့ ကိုလက်စထရောဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတဲ့ ကိုလက်စထရောဖြစ်ပြီး သွေးကြောများအတွင်းမှာ ကိုလက်စထရောများ စုပုံလာပြီး သွေးကြောပိတ်ဆို့ခြင်းရဲ့ တရားခံဖြစ်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

2. Body Mass Index or BMI

BMI ဆိုတာ ခန္ဓာကိုယ်အတွက် အလေးချိန်နှင့် အရပ်အမောင်းကို အခြေခံပြီး ခန္ဓာကိုယ်ရဲ့ အဆီကို သိရှိအောင် တွက်ချက်တာ ဖြစ်ပါတယ်။ BMI မြင့်လေလေ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေ မြင့်မားလေလေပါပဲ။

3. ခါးအတိုင်းအတာ

ခါးတစ်ဝိုက်မှာ အဆီတွေ စုပုံနေခြင်းကြောင့် ပန်းသီးသဏ္ဌာန်ဖြစ်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ တင်ပါးမှာ အဆီစုနေတဲ့ သစ်တော်သီးပုံသဏ္ဌာန် ခန္ဓာကိုယ်ပိုင်ရှင်တွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတာကို သင်သိပါသလား။

4. Triglycerides

တကယ်တော့ Triglycerides ဟာ ကိုလက်စထရော အမျိုးအစား မဟုတ်ပါဘူး။ သွေးထဲမှာ Triglycerides ပြင်းအား များခြင်းက နှလုံးသွေးကြောရောဂါများကို ဖြစ်စေပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

5. သွေးဖိအား

အသက်ကြီးလာတာနဲ့အမျှ သွေးတိုးရောဂါ ခံစားရနိုင်ခြေလည်း မြင့်တက်လာပါတယ်။ သွေးတိုးရောဂါရှိသူတွေ အနေဖြင့် သင့်တင့်တဲ့ သွေးပေါင်ပမာဏကို မထိန်းထားနိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

6. သွေးတွင်းသကြားဓာတ်

ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်း မထုတ်လုပ်နိုင်တဲ့အခါမှာဖြစ်စေ ဒါမှမဟုတ် အင်ဆူလင်ဟော်မုန်းကို ကောင်းစွာ မတုံ့ပြန်နိုင်တဲ့အခါမှာဖြစ်စေ သွေးထဲမှာ သကြားဓာတ် များပြားလာပြီး သွေးကြောနှင့် အာရုံကြောတွေကို ပျက်စီးစေပါတယ်။

ဆရာဝန် Dr. Htet Htet Aung ဆီမှ တစ်ဆင့်ဝေမျှပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေအမြဲမပြတ်ဖတ်ချင်ရင်တော့ MyanmarLoad ကို Seefirst လုပ်ထားဖို့မမေ့နဲ့နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။