မြန်မာပြည်ရဲ့ နာမည် ကြီး ပွဲတော်တွေ ထဲ မှာ တခုအပါ အဝင်ဖြစ်တဲ့ တောင်ကြီး တောင်ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲမှာ စိတ်မကောင်း စရာ အဖြစ် အပျက်လေး ယမန်နေ့ည က ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၉ရက်နေ့ ည ၉ နာရီခွဲ၌ ညမီးကြီး အမျိုးအစားလွှတ်တင်ယှဉ်ပြိုင်ခဲ့ သော ကန်ရှေ့ရပ်ကွက် ကိုယ်စားပြု တွံတီးအမည်ရှိ မီးပုံးပျံသည် ကွင်းအတွင်း ပျက်ကျသဖြင့် လူ ခြောက်ဦးဒဏ်ရာရရှိခဲ့တယ် လို့စိတ်မကောင်းစရာ သိရပါတယ်။ အဆိုပါ မီးပုံး ပျံသည် မှိုင်းဝကာ ကောင်းကင်သို့ ပျံတက်၍ လွှတ်တင်သည့် နေရာမှ ကိုက် ၄၀၀ ခန့် အရောက်တွင် ကွင်းအတွင်းသို့ ပြန်လည် ပျက်ကျခဲ့ တာလည်း ဖြစ်ပါတယ်။

အဝေရာ မီးပုံးပျံကွင်း အတွင်း ပျံကျဈေးရောင်းချနေသည့် အမျိုးသမီး တဦး၊အသက် ၇ နှစ်အရွယ် မိန်းကလေး တဦး၊ အမျိုးသား လေးဦး စုစုပေါင်းခြောက်ဦး အသီးသီး ယမ်းလောင်ဒဏ်ရာ များရရှိခဲ့ကြောင်း ရှမ်းပြည် မီးသတ် ဦးစီး ဌာန ပြည်နယ်ဦးစီးအရာရှိ ဦးတင်မင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ ဒဏ်ရာ ရရှိသူ ခြောက်ဦးကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံ အရေးပေါ် သို့ပို့ဆောင်ထားပါတယ်။ လက်ရှိ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်မှာ မီးပုံးပျံ အရေတွက် ၃၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်လျှက်ရှိပြီး၊ အောက်တိုဘာ ၂၆ရက်မှ နိုဝင်ဘာ ၄ရက်အထိ ၁၀ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်းသိရပါတယ်။

Source - ရှမ်းပြည်နယ် မီးသတ်ဦးစီး ဌာန

Photo Credit – Michael Riyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။