ပဉ္စလက်ရွှာဇာတ်ကားကြီးထဲကပရိသတ်ချစ်သရုပ်ဆောင်တွေကိုသတိရသေးရဲ့လားပရိသတ်ကြီး။ပရိသတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့မြို့သားမျက်လှည့်ဆရာလေးရိုးစစ်ကရောသူကိုမှတ်မိသေးရဲ့လားတဲ့။ပဉ္စလက်ရွှာဇာတ်ကားလေးနဲ့သရုပ်ဆောင်အောင်မင်းခန့်ဟာပရိသတ်တွေရင်ထဲကိုအနုပညာပန်းတိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူသရုပ်ဆောင်ရတဲ့ဇာတ်ကောင်တစ်ခုကိုအကောင်းဆုံးဖန်တီးချင်တာဟာပရိသတ်တွေအပေါ်ထားတဲ့စေတနာပါလို့ဆိုပါတယ်။သူရဲ့ကြိုးစားအားထုတ်မှုတွေကိုအသိမှတ်ပြုအားပေးကြတဲ့ပရိသတ်တွေကိုအစဉ်အမြဲလေးစားလျက်ပါလို့ပြောပါတယ်။

သရုပ်ဆောင်အောင်မင်းခန့်ဟာသူသရုပ်ဆောင်ရတဲ့ဇာတ်ရုပ်ကိုကောင်းဆုံးနဲ့စေတနာထားပြီးကြိုးစားလုပ်ဆောင်ပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေသူကိုသေချာမမှတ်မိပဲအောင်မင်းခန့်ဆိုတာပျောက်ကွယ်သွားပြီးဒါဘယ်သူလဲလို့မေးရလောက်တဲ့အထိဇာတ်ကောင်တစ်ခုကိုဖန်တီးချင်တာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာလဲအောင်မင်းခန့်ဆိုတဲ့နာမည်ကိုခဏတာတိမ်မြုပ်ထားပြီး ‘မြစ်တစ်စင်းရဲ့ကျေးကျွန်များ’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာမတူညီတဲ့ဇာတ်ကောင်တစ်ခုကိုပရိသတ်တွေအတွက်ကြိုးစားဖန်တီးနေပါတယ်လို့သိရပါတယ်။‘မြစ်တစ်စင်းရဲ့ကျေးကျွန်များ’ရုပ်ရှင်ဇာတ်ကားကြီးကိုပရိသတ်ချစ်နိုင်ငံကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ကျော်သူ၊ကျော်ရဲအောင်၊မင်းဦး၊နေမျိုးအောင်၊အောင်မင်းခန့်၊ထွန်းန္ဒြာဗိုလ်၊မိုးပြည့်ပြည့်မောင်နဲ့အတူအနုပညာရှင်ပေါင်းများစွာကပါဝင်ရိုက်ကူးနေတာဖြစ်တယ်လို့သိရပါတယ်။

မြစ်တစ်စင်းရဲ့ကျေးကျွန်များရုပ်ရှင်ဇာတ်ကားကြီးကိုဧရာဝတီမြစ်ကြီးနဲ့မြန်မာပြည်အထက်ပိုင်းကသဘာဝရှုခင်းတွေကိုနောက်ခံထားပြီးရိုက်ကူးနေတာပဲဖြစ်ပါတယ်။အောင်မင်းခန့်ဟာယခုရိုက်ကူးနေတဲ့ရုပ်ရှင်ကားကြီးမှာပဉ္စလက်ရွှာဇာတ်လမ်းတွဲလေးထဲကဆေးဆရာကြီးဦးကျော်သူနဲ့ထပ်မံဆုံတွေ့ရတာဖြစ်ပြီးအမှတ်တရလေးတွေပြန်လည်ပြောဖြစ်ကာလွမ်းမိပါတယ်လို့ဆိုပါတယ်။ဦးကျော်သူနဲ့အောင်မင်းခန့်ဟာပဉ္စလက်ရွှာဇာတ်ကားလေးထဲမှာလို့ယခုရိုက်ကူးနေတဲ့ရုပ်ရှင်ကားကြီးမှာလဲပရိသတ်တွေကိုဘယ်လိုသရုပ်ဆောင်ချက်တွေနဲ့ညို့ယူဖမ်းစားအုန်းမလဲဆိုတာစောင့်မျှော်ရင်ခုန်ကြရမှာပဲဖြစ်ပါတယ်။ပရိသတ်ချစ်ရိုးစစ်ခေါ်အောင်မင်းခန့်ရဲ့ယခုရိုက်ကူးနေတဲ့ရုပ်ရှင်ကားကြီးရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်တစ်ချို့ကိုပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အောင်မင်းခန့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။