ဆယ်လီနာဂိုးမက်နဲ့ပြတ်သွားတဲ့The Weekend

ကလေးမျက်နှာလေးနဲ့အရမ်းချစ်စရာကောင်းတဲ့ဆယ်လီနာဂိုးမက်နဲ့အရမ်းချစ်တတ်တဲ့အဆိုတော်The Weekend တို့

ရဲ့စုံတွဲပုံရိပ်တွေကိုကျွန်တော်တို့ထပ်မြင်ကြရတော့မှာမဟုတ်

ပါဘူး။သတင်းအရင်းအမြစ်ပေါင်းများစွာကထွက်လာတဲ့

သတင်းတွေအရသူတို့နှစ်ယောက်ပြတ်သွားပြီဆိုတာသေချာ

သလောက်ရှိနေပါပြီ။သူတို့နှစ်ယောက်ကိုလည်းအပြစ်ပြောလို့တော့မရဘူးပေါ့။

နှစ်ယောက်စလုံးကလည်းကိုယ်ပိုင်Scheduleတွေနဲ့အချစ်

အတွက်အချိန်မပေးနိုင်ဖြစ်နေကြတာမဟုတ်လား။

ဒါပေမယ့်ပရိသတ်တွေထင်ကြေးပေးနေတာကတော့

အဲ့လိုမဟုတ်ပါဘူး။ဆယ်လီနာဟာthe weekend မပါဘဲ

သူမရဲ့အချစ်ဟောင်းဂျက်စတင်ဘီဘာနဲ့လော့အိန်ဂျလိမှာ

တွေ့ဆုံခဲ့ကြတာကြောင့်ဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြ

ပါတယ်။The weekendအနေနဲ့အဆိုပါကိစ္စကို

ယမ်းပုံမီးကျဖြစ်နေတယ်လို့သတင်းတွေကဆိုပါတယ်။

ဒါပေမယ့်ဆယ်လီနာအပြစ်ကြီးထဲတော့မဟုတ်ပါဘူး။The weekend မှာလည်းပြောစရာလေးတွေရှိနေပါတယ်။

The Weekend ကိုယ်တိုင်လည်းအရင်ရည်းစားဖြစ်သူ

ဘယ်လာဟာဒစ်နဲ့အဆက်ဟောင်းပြန်လုပ်ချင်နေတယ်လို့

ပြောပါတယ်။ဘယ်လာနဲ့ပတ်သက်ပြီးနာမည်ကြီးအဆိုတော်

ဒရိတ်နဲ့the weekend ဒီလထဲမှာပြသနာတက်ခဲ့ပြီးပါပြီ။

ဘယ်သူမှားတယ်မှန်တယ်ဆိုတာမသိပေမယ့်သူတို့နှစ်ယောက်ရဲ့ဆယ်လကြာRelationshipလေးတစ်ခုကတော့

အဆုံးသတ်သွားခဲ့ရတာစိတ်မကောင်းစရာပါပဲ။

ဂျက်စတင်ဘီဘာကတော့ဒီသတင်းကိုကြားရင်

ဘယ်လိုဖြစ်နေမယ်ထင်လဲပရိသတ်ကြီး...

Source-Vouge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။