အပြစ်မမြင်ပါဘူး တေးသံရှင် အဆိုတော်မလေး ၀ုိင်းစုခိုင်သိန်းတစ်ယောက် ပရိသတ်တွေကို Good Morning ပါဆိုပြီး ဓာတ်ပုံလေးတွေတင်ကာ နှုတ်ဆက်ထားပါတယ်။

အသံလေးနဲ့လိုက်အောင် ချစ်စရာကောင်းတဲ့ ၀ုိင်းစုဟာ မြန်မာပြည်မှာ မိန်းကလေးပရိသတ်တွေအများဆုံး ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေမှာလည်း သဘာဝကျကျသရုပ်ဆောင်နိုင်ခဲ့သလို အဆိုဘက်ကို ပိုပြီးအားသန်နေတဲ့ ၀ုိင်းစုဟာ သီချင်းတွေပဲ ဆက်တိုက်ဆိုဖြစ်နေပါတယ်။

အောက်တိုဘာလ(၃၁)ရက်နေ့မှာတော့ ၀ုိင်းစု တစ်ယောက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေကို Good Morning ဆိုတဲ့့စာလေးနဲ့အတူ ရိုက်ကွင်းတစ်ခုမှ ပုံလှလှလေးနှစ်ပုံ မျှဝေထားပါတယ်။ 

သူမရဲ့ ၀တ်စုံလေးကတော့ ဒဏ္ဍာရီပုံပြင်ထဲက စနိုးဝှိုက်မင်းသမီးလေးရဲ့ သွင်ပြင်နဲ့တောင် တူနေပါသေးတယ်။

ထွက်သမျှသီချင်းခွေတိုင်း ပရိသတ်အသိအမှတ်ပြုအားပေးခံရတဲ့ ၀ုိင်းစု ကတော့ သူမကို ဝေဖန်သူတွေရှိနေပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေကတော့ များနေဆဲပါပဲ။

သူမနောက်ဆုံးထွက်ရှိထားတဲ့ မယ်သီတာ သီချင်းလေးကလည်း လူကြိုက်များလျက်ရှိပါတယ်။

၀ုိင်းစုကို ချစ်သေးရဲ့လား ပရိသတ်ကြီးရေ။ 

Source : Wynesu Khine Thein fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။