ထပ်ဆင့်အကယ်ဒမီနေတိုးရဲ့ ညီဖြစ်သူမင်းသား မင်းသွေးကတော့ သူတို့ညီကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို Interview တစ်ခုမှာဖြေကြားသွားပါတယ်။ နှစ်ယောက်လုံးဟာ အောင်မြင် တဲ့ အနုပညာရှင်တွေဖြစ်ကြသလို ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ ပြည်သူချစ်မင်းသား နှစ်ဦးဆိုလည်းမမှားပါဘူး။ ညီကိုနှစ်ယောက်အတူရိုက်ဖြစ်တဲ့ ရုပ် ရှင်ကားကြီးတွေဟာ “ မုန်းစွဲ ” ဆိုရင် ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားက တော့ “ ကြောက် ကြောက် ကြောက် ” ဖြစ်ပါတယ်။

“ မုန်းစွဲ ” ရုပ်ရှင်ကားထဲက ဇာတ်လမ်းပိုင်းမှာတော့ ညီကိုနှစ်ယောက်လည်ပင်းဖက်ပြီး သွားအတူ စားအတူပုံစံဖြစ်ပြီးအပြင်ကပုံစံနဲ့တော့အရမ်းကိုကွားခြားတယ်လို့ မင်းသားမင်းသွေး ကဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အလုပ်ကိစ္စအပြင် တခြားအကြောင်းအရာကို မ ဆွေးနွေးဖြစ်ဘူးလို့လဲ သိရပါတယ်။ ငယ်ငယ်ကတည်းက ဒီလိုပဲနေလာတာမို့ ဒါဟာ သိပ် တော့မထူးဆန်းဘူးလို့ဆိုပါတယ်။ အလုပ်အပိုင်းနဲ့ပက်သက်ပြီး သိချင်တာရှိရင် အကိုဖြစ်သူ ကိုမေးမြန်းတာတွေကလည်းရှိပါတယ်တဲ့။ သူများညီကိုတွေလို လည်ပင်းဖက်မပေါင်းပဲ တစ် ယောက်နဲ့တစ်ယောက် Respect နဲ့ပဲ နေတယ်လို့ မင်းသွေးကဆိုပါတယ်။

ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်လို့ဆိုပါတယ်။ လက်ရှိမိသားစု ဘဝလေး ကလဲ ပျော်ရွှင်စရာကောင်းသလို ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း ထူထောင်ချင်တာမို့ အိမ်ထောင်ပြုဖြစ်မှာပါလို့လည်း မင်းသွေးကဆိုပါတယ်။ လက်ရှိမှာတော့ ဘယ်အရာမှ ပုံသေတွက်ဆလို့မရတာကြောင့် ဘာမှမပြောသေးတာကောင်းပါတယ်လို့ Interview တစ် ခုမှာဖြေကြားခဲ့ပါတယ်။

Source from Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။