အင်္ဂါနေ့ည ၂ နာရီ ၁၅ မိနစ် မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိုးမားအသင်းဟာ ချဲလ်ဆီးအသင်းကို ရောမမြေမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ချဲလ်ဆီးအသင်းကို အနိုင်ရယူနိုင်ခဲ့မယ်ဆိုရင် အုပ်စုထိပ်ဆုံးကို တတ်လှမ်းနိုင်ခဲ့မှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းက အနိုင်ရခဲ့မယ်ဆိုရင်တော့ ၅ မှတ်ထိ အမှတ်ဖြတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုအသင်းကတော့ ကွာရာဘတ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲ ၃ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ အုပ်စု ၃ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာလည်း ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကိုပဲ ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ပီရော့တီ၊ အယ်ရှာရာဝီ၊ ဒီဇီကို၊ ဒီရော့ဆီ၊ စထရူးမန်း၊ နိုင်ဂိုလန် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ ပတ်ဒရို၊ မိုရာတာ၊ ဘာကာယိုကို၊ ဖာဘရီဂတ်၊ အလွန်ဆို၊ အယ်ပလီကွယ်တာ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ခြေစွမ်းတူညီနေတဲ့အသင်းနှစ်သင်းတွေ့ဆုံမှုမှာ အိမ်ရှင်ရိုးမားအသင်းက အနိုင်ရယူသွားနိုင်မလား၊ အပြာရောင်တပ်သားတွေက ပဲ အနိုင်သုံးမှတ်ရယူသွားနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေပြီဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။