မြန်မာယူ-19ရဲ့ဖနွမ်းပင်ဒိုင်ယာရီ

မြန်မာယူ-19အသင်းမနေ့ကပဲမြန်မာပြန်ရောက်လာခဲ့

ပါပြီ။ကျဆုံးမှုတွေကိုရင်ဝယ်ထွေးပိုက်ရင်းပေါ့။

အာရှခြေစစ်ပွဲကျရှုံးခဲ့ရခြင်းဟာပရိသတ်တွေစိတ်

မကောင်းဖြစ်စေခဲ့ရပေမယ့်သူတို့ရဲ့အနာဂတ်အတွက်

ပိုပြီးမကောင်းတာပါ။မြန်မာပြည်သူတွေရဲ့သူတို့

အပေါ်မျှော်လင့်ချက်၊ဦးဇော်ဇော်ရဲ့မျှော်လင့်ချက်တွေ

ဝေဝါးသွားစေတာကသူတို့ရဲ့အနာဂတ်အပေါ်ဘယ်လောက်

တောင်သက်ရောက်မှုရှိစေမလဲတွေးကြည့်လိုက်ပါ။

ရန်ကုန်မှာကျင်းပတဲ့အာဆီယံချန်ပီယံရှစ်အတွက်တင်ကြို

ပြင်ဆင်မှုတွေအဖြစ်အင်တာမီလန်လိုအသင်းနဲ့တောင်

သူတို့ကိုခေါ်ယူခြေစမ်းကစားစေခဲ့တာပါ။မှန်းချက်နဲ့နှမ်းထွက်

မကိုက်ခဲ့သလိုအင်ဒိုကိုအရှက်တကွဲရှုံးပြီးပြင်သစ်ကြီးဘန်လာဘီလည်းပြည်တော်ပြန်သွားခဲ့ရပါတယ်။ဘန်လာဘီပြီးတော့

နည်းပြဦးချစ်နိုင်ကိုပြောင်းလဲတာဝန်ပေးစေခဲ့ပြီးအာရှခြေစစ်ပွဲ

အတွက်ဂျပန်ကိုလွတ်ပြီးပြင်ဆင်စေခဲ့တာပါ။ဘောလုံးအဖွဲ့ချုပ်ကသူတို့ကိုခြေစစ်ပွဲအတွက်သာမက

တကယ့်ပြိုင်ပွဲကြီးအထိ၊အောင်သူတို့လိုကမ္ဘာ့ဖလားသွားရဖို့

အထိမျှော်လင့်ခဲ့တယ်ဆိုတာဒီပြင်ဆင်မှုတွေကိုကြည့်ရင်သိ

သာပါတယ်။

သူတို့ဂျပန်ကနေခမာတို့ရဲ့မြို့တော်ဖနွမ်းပင်ကိုသွားခဲ့ပါတယ်။

အုပ်စုကလည်းချောင်တော့အေးဆေးပေါ့။ဒါပေမယ့်ထင်သလိုမဖြစ်ခဲ့ပဲအိမ်ရှင်ကိုရှုံး၊တရုတ်ကိုရှံုးနဲ့

မြန်မာပြည်ကိုတပ်ခေါက်ပြန်ခဲ့ရပါတယ်။ရှံုးသည်ဖြစ်စေ

နိုင်သည်ဖြစ်စေသူတို့အသင်းအတွက်ဖနွမ်းပင်ဒိုင်ယာရီ

လေးကရှိနေတော့မှာပါ။မြန်မာယူ-19အသင်းရဲ့ဖနွမ်းပင်

နေ့စွဲလေးတွေကိုလည်းပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။ဗီယက်နမ်ကိုသွားပြီးယှဉ်ပြိုင်ရမယ့်ယူ-21ပြိုင်ပွဲကျရင်

ဖနွမ်းပင်ကအမှားတွေကိုအကောင်းဆုံးပြင်ဆင်ပြီးခြေစွမ်းပြ

နိုင်ကြပါစေလို့ဆုတောင်းရင်း...

phot- Randa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။