အဆိုတော် ပိုပိုဟာ သူမရဲ့ ပရိသတ်တွေနဲ့အတူ ကထိန်သင်္ကန်းကပ်လှူခဲ့တယ်လို့ သိရပါတယ်..။ ပရဟိတနဲ့ အလှူအတန်းများကို အမြဲ ပြုလုပ်လေ့ရှိသူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေနဲ့အတူ စုပေါင်းအလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ အဆိုတော်မလေး ပိုပိုဟာ အလှူဒါန်းတွေ့ို လက်မနှေးပဲ ပရိသတ်တွေနဲ့အတူ အမြဲအတူ အလှူလုပ်လေ့ရှိတာ တွေ့ရပါတယ်..။ သန်လျင်မြို့နယ်မှာရှိတဲ့ ပုဂံတောင်ဓမ္မိကာရာမရွှေကျင်ကျောင်းတိုက်မှာ ကထိန်သင်္ကန်းများ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အလှူငွေ(၆)သိန်းခွဲနဲ့ သင်္ကန်း ပရိက္ခရာအစုံ တို့ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ရိသတ်တွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့တဲ့ အလှူလေးကို အောက်တိုဘာ(၃၀)ရက်နေ့မှာ ပိုပိုက သူမရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “ကထိန်သင်္ကန်းကပ်ခဲ့ပါတယ်  ပိုပိုနဲ့အတူ ကုသိုလ် ယူကြတဲ့ We love popo fan group မှ ရန်ကုန် မန်းလေး မုံရွာ fan များအားလုံးလဲ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ ရှင်..။  အားလုံးပေါင်း ငွေ ၆သိန်းခွဲနှင့် သင်္ကန်း ပရိက္ခရာ အစုံ လှူဒါန်းခဲ့ပါတယ်..  သာသနာပြုနိုင်တဲ့ သူများ ဖြစ်ကြပါစေရှင် ❤️ ” လို့ ရေးသားထားတာ တွေ့ရပါတယ်..။ ပိုပိုက သူမတို့ရဲ့ အလှူလေးကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ပိုပိုဟာ အလှူဒါန်းများကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူဖြစ်ပြီး ပရိသတ်တွေနဲ့လည်းအမြဲ အဆက်သွယ် မပျက်သူလည်း ဖြစ်ပါတယ်..။ မကြာသေးခင်ကာလကလည်း မိဘမဲ့ကျောင်းများနှင့် ဘိုးဘွားများအတွက် လှူဒါန်းမှုများကိုလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။ တေးသီချင်းကောုင်းလေးတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ပိုပိုဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူမရဲ့ တေးသီချင်းတော်တော်များများကလည်း သူမကိုယ်တိုင်ရေးစပ်ထားတာ ဖြစ်ပါတယ်..။ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်ဟာလည်း ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ အမ်လ်ဘမ် ဖြစ်ပါတယ်..။ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ်ကိုလည်း ထွက်ရှိခဲ့ပြီးတော့ Master Piece တစ်ကိုယ်တော် Audio CD ကိုလည်း ထွက်ရှိထားပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။