ရန်ကုန်နဲ့လမ်းခွဲသွားတဲ့ဦးဝင်းသူမိုး

ဖလားလက်မဲ့ရာသီတစ်ခုကိုရန်ကုန်ယူနိုက်တက်

အသင်းတွေ့ကြုံရပြီးနောက်မှာတော့ရန်ကုန်အသင်းဟာ

နည်းစနစ်ဒါရိုက်တာဦးဝင်းသူမိုးနဲ့နှစ်ဦးသဘောတူ

လမ်းခွဲခဲ့ပါပြီ။ဦးဝင်းသူမိုးဟာလက်ရှိမြန်မာ့ဘောလုံး

လောကရဲ့ထုးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး

ရန်ကုန်အသင်းကိုနည်းစနစ်ဒါရိုက်တာအဖြစ်

MFF2009ခုနှစ်ကနေစပြီး2014ခုနှစ်အထိတာဝန်

ယူခဲ့တာပါ။

လောလောဆယ်မှာလည်းAFC Instructorအဖြစ်

ဆောင်ရွက်နေသူဖြစ်ပြီးရန်ကုန်နဲ့လမ်းခွဲသွားရတာ

စိတ်မကောင်းစရာပါ။သူအနေနဲ့MFFမှာပဲ

ဆက်လုပ်ဖြစ်မလား၊တစ်ခြားMNLကလပ်တစ်ခုမှာတာဝန်

ယူသွားမလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပါ။

ရန်ကုန်အသင်းအနေနဲ့ပြုပြင်ပြောင်းလဲမှု

များစွာပြုလုပ်နေတာကိုတွေ့နေရပါတယ်။မကြာခင်မှာပဲ

ကစားသမားအပြောင်းအရွှေ ့များစွာဖြစ်လာဖို့ရှိနေတယ်

လို့သတင်းတွေကသိရပါတယ်။

ရန်ကုန်အသင်းနည်းပြအနေနဲ့ကတော့ဦးမျိုးမင်းထွန်း

ဆက်ရှိနေမှာဖြစ်ပါတယ်။ရန်ကုန်အသင်းဟာ

ဖလားလက်မဲ့ဖြစ်ခဲ့ရပေမယ့်AFC Cupကိုတော့

ဝင်ခွင့်ရရှိထားပါတယ်။ရန်ကုန်အသင်းအနေနဲ့ဖလားလက်မဲ့

ရာသီတစ်ခုနောက်ထပ်မကြုံတွေ့အောင်ပြုပြင်ပြောင်းလဲ

ရေးတွေစလုပ်နေပါပြီ။ရန်ကုန်အသင်းရဲ့အပြောင်းအလဲ

ဘယ်လောက်အထိများသွားမလဲဆိုတာဆက်လက်

စောင့်ကြည့်သွားကြရအောင်ပါ..

Source- Ygn Utd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။