ပုသိမ်မြို့ တာဝတီသာဘုရားအလှူခံဗုံး (၃)လုံးအတွင်းမှ အလှူငွေများ ခိုးယူသူများအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း ဧ။် ကြီးကြပ်မှုဖြင့် ဒုတိယ (၆) လ မှုခင်းလျော့နည်းကျဆင်းရေး ခိုးဆိုးနှိုက်များ ပပျောက်စေရေး စီမံချက်အရ ညဥ့်နက်လှည့် ကင်းများ တိုးမြှင့်ဆောင်ရွက်နေခဲ့ရာ ပုသိမ်မြို့မရဲစခန်းလှည့် ကင်းအဖွဲ့နှင့် ပုသိမ်နယ်မြေရဲစခန်းလှည့်ကင်းအဖွဲ့တို့ ပူးပေါင်းလျက် လှည့်ကင်းဆောင်ရွက်ခဲ့ရာ (၁၃.၁၁.၂၀၁၆) ရက်

နေ့ ည (၀၂ ၀၀ ) အချိန် အထက(၂) ဘေးလမ်းတွင်မသင်္ကာ

ဖွယ် လူငယ်(၂) ဦးဖြစ်သော ညီညီထွန်း ၁၅ နှစ် နှင့် ပြည့်ကိုကို ၁၅ နှစ် တို့အား ကြွတ်ကြွတ်အိတ်အတွင်း ငွေစက္ကူ အ

ကြွေ အတန်မျိူးစုုံုဖြင့် စုစုပေါင်း ၈၇၄၀၀ ကျပ်အား တွေ့ရှိသိမ်း ဆည်းပြီး အမှုဖွင့်အရေးယူစစ်ဆေးခဲ့ပါသည်

စစ်ဆေးဖော်ထုတ်ချက်အရ တရားခံနှစ်ဦးသည့် ယင်းနေ့ည (၁၁၃၀) အချိန်ခန့်က နှစ်ယောက်အတူ ပုသိမ်မြို့ တာဝတီသာ ဘုရားဝန်းအတွင်းရှိ သော့ခတ်ထားသည့် သံပန်းတံခါး အား ဟ လျှက် အတွင်းရှိ အလှူခံဗုံး (၃) ဗုံးမှ မှန်များအား ရိုက်ခွဲ လျက် အတွင်းမှ အလှူငွေများ ခိုးယူထွက်ပြေးလာစဉ် လှည်ကင်းရဲတပ်ဖွဲ့နှင့် တွေဆုံဖမ်းဆီးခံရ

တရားခံများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ပါ

ကြောင်း ပုသိမ်သူ/သားများအား သိစေအပ်ပါသည် ဟု facebook သုံးစွဲသူတစ်ဦးမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။