အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ် ၁နာရီခန့်အချိန်က ဘုရင့်နောင် KBZ ဘဏ်ခွဲမှာ ငွေလာထုတ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ငွေကျပ်သိန်း(၁၄၁၄)သိန်းကျော်တင်ဆောင်ထားတဲ့ကားကိုငွေရောကားပါယူဆောင်ထွက်ပြေးသွားတဲ့ ကုမ္ပဏီယာဉ်မောင်း ကျော်ဇင်ဦး ကို ဒီကနေ့ မနက်မှာ ဖမ်းဆီးရမိလိုက်ပြီလို့ ဘုရင့်နောင်နယ်မြေရဲစခန်းကသတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါတရားခံကုမ္ပဏီယာဉ်မောင်းကျော်ဇင်ဦးကိုအောက်တိုဘာ(၃၁)ရက်နေ့ဒီနေ့မနက်၃နာရီဝန်းကျင်အချိန်ခန့်ကလှိုင်သာယာမြို့နယ်ထဲမှာဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့သိရပါတယ်။တိုင်းရဲတပ်ဖွဲ့ဖမ်းဆီးလိုက်တာဖြစ်ပြီးဖြစ်စဉ်အသေးစိတ်ကိုတော့တိုင်းရဲဖွဲ့ကပဲပြောနိုင်မယ်လို့ဘုရင့်နောင်နယ်မြေရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပြောပါတယ်။၎င်းအမှုဖြစ်တဲ့နေ့ကယူဆောင်ထွက်ပြေးသွားတဲ့ငွေတွေအနက်တစ်ချို့ကိုလဲပြန်လည်ရရှိပြီဖြစ်ကြောင်းသိရပါတယ်။
ကုမ္ပဏီပိုင်ငွေတွေကိုယူဆောင်ထွက်ပြေးသွားတဲ့ တရားခံကျော်ဇင်ဦးကို ဘုရင့်နောင်နယ်မြေရဲစခန်းမှာ (ပ)၁၁၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ (၃၈၁) နဲ့ ကုမ္ပဏီကနေ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။
တင်းအရင်းအမြစ် - ဘုရင့်နောင်နယ်မြေရဲစခန်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။