ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ဟာ မန်ယူအသင်းရဲ့ တိုက်စစ်မှုး ရက်ဖို့စ် ရဲ့ အသက် ၂၀ ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ရက်ဖို့စ်ရဲ့ မွေးရက်ကတော့ ၁၉၉၇ ခုနှစ် အောက်တိုဘာ ၃၁ ရက် နေ့ပဲဖြစ်ပါတယ်။မန်ယူအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် အားကစားပရိတ်သတ်တွေရဲ့ အားပေးမှုကို ရယူထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ happy birthday ပါ ရက်ဖို့စ်။

ရက်ဖို့စ်ဟာ ယခုနှစ်ရာသီပရီးမီးယားလိဂ် ပွဲ ၁၀ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။တစ်ခြားပွဲစဉ်တွေမှာ ၆ ပွဲကစားခွင့်ရရှိထားပြီး ၄ ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းနဲ့ အတူလက်ရှိအချိန်ထိပွဲပေါင်း ၈၇ ပွဲကစားခွင့်ရရှိထားပြီး ၂၆ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အင်္ဂလန် လက်ရွေးစင်အသင်းမှာတော့ ရက်ဖို့စ်ဟာ ပွဲပေါင်း ၁၃ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီနေ့ည ၂ နာရီ ၁၅ မှာ အိမ်ကွင်းမှာ ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကစားဖို့ရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

source - manchester united

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။