လက်ခမောင်းခတ်သံတဖြောင်းဖြောင်းနဲ့WLC

WLCကမစသေးပေမယ့်ပွဲမတိုင်ခင်လက်ခမောင်း

ခတ်သံတွေတဖြောင်းဖြောင်းထနေပါပြီ။မြန်မာ့ရိုးရာလက်ဝှေ့ကိုကမ္ဘာ့အဆင့်မီကျင်းပတာ

ဖြစ်လို့ပရိသတ်တွေအနေနဲ့လည်းလည်တဆန့်ဆန့်ဖြစ်

နေပါပြီ။ကျင်းပမယ့်ရက်ကလာမယ့်နိုဝင်ဘာလေး

ရက်ေနေ့ပါနော်။သိပ်တော့မလိုတော့ပါဘူး။ရိုးရာ

အလှဲထိုးစနစ်မှသွေဖီကာအမှတ်ပေးပုံစံနဲ့ကျင်းပခြင်း၊

အမျိုးသားလက်ဝှေ့ပွဲတွင်အမျိုးသမီးဒိုင်လူကြီးထည့်သုံးမည်

ဖြစ်ခြင်းတို့ကြောင့်ဝေဖန်သံတွေကလည်းလက်ခမောင်း

ခတ်သံတွေနဲ့အပြိုင်ပါပဲ။

WLCမှာပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်နေတဲ့တွဲဆိုင်းက

ရှုံ့းပွဲမရှိမြန်မာ့လက်ဝှေ့ချန်ပီယံတူးတူးနဲ့သြဇီနိုင်ငံသား

မိုက်ကယ်ဘဒါတိုတို့ရဲ့ခေါင်ပွဲပါ။တူးတူးဟာWLCစကတည်းက

ပါဝင်ထိုးသတ်လာသူဖြစ်ပြီးအက်ဒီဖာရယ်၊ဂျိန်းဘီနယ်

စတဲ့လက်ဝှေ့ကျော်တွေကိုဗိုလ်မထားထိုးသတ်လာသူပါ။

အခုရင်ဆိုင်ရမယ့်ဘဒါတိုကတော့တူးတူးထိုးလာသမျှနိုင်ငံခြား

သားထဲမှာအကောင်းဆုံးလို့ပြောလိုရပြီးသြဇီနိုင်ငံကစ်ဘောက်ဆင်ပြိုင်ပွဲတွေမှာချန်ပီယံဆုပေါင်းများစွာရရှိထားသလို

ကမ္ဘာ့အဆင့်ကစ်ဘောက်ဆင်ချန်ပီယံဆုတွေလည်း

ရရှိထားသူပါ။MMAသမားတစ်ယောက်လိုကိုယ်ခံပညာပေါင်း

စုံတတ်ကျွမ်းပြီးမွေထိုင်းကိုလည်းတစ်ဖက်ကမ်းခတ်အောင်

ထိုးနိုင်တာမို့တူးတူးလွယ်တော့မလွယ်ပါဘူး။

ဒါပေမယ့်ရေနံချောင်းမြို့နယ်ဗူးကျွန်းရွာသား

တူးတူးကဘဒါတိုကိုသေချာပေါက်အလဲထိုးပါမယ်လို့ကြုံးဝါး

ထားပါတယ်။မိုက်ကယ်ဘဒါတိုရဲ့လေ့ကျင့်မှုVideoတွေ၊ပြိုင်ပွဲတွေကိုတူးတူးအနေနဲ့လေ့လာထားပြီးပြီလို့ဆိုပါတယ်။

တူးတူးနဲ့ဘဒါတိုပွဲဟာWLCကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲကြီး

ဖြစ်လို့အမှားမခံပါဘူး။မိုက်ကယ်ဘဒါတိုကခါးပတ်ကို

သြဇီကိုသယ်သွားမယ်လို့ပြောသလိုတူးတူးကလည်း

ခါးပတ်ကိုနိုင်ငံခြားသားလက်ထဲအပါမခံပါဘူးတဲ့။

ဗူးကျွန်းရွာကလက်ခမောင်းခတ်သံတဖြောင်းဖြောင်း

ပါပဲ။

Source-WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။