ခေးကြီးလို့ပရိတ်သတ်တွေချစ်စနိုးခေါ်တတ်တဲ့ လုလုအောင်တစ်ယောက်ကတော့ နားနေ တာကြာလို့ Gym ပြန်ဆော့ပါတော့မယ်တဲ့ ပရိတ်သတ်ကြီးရေ။ သူမရဲ့တင်းတင်းရင်းရင်းနဲ့ လှပတဲ့ ခန္တာကိုယ် ကောက်ကြောင်းတွေကြောင့် ပုရိသတွေကြားမှာ ခေးကြီးလို့ ချစ်စနိုး အမည်မှဲ့ အခေါ်ခံရသူလည်း ဖြစ်ပါတယ်။ သူမရဲ့အလှဓာတ်ပုံတွေက မြင်ရသူတွေ ရင်သပ် ရှုမောရလောက်အောင် အားလုံးက အမိုက်စားတွေချည်းပါပဲ။

သူမစတင်နာမည်ကြီးစတုန်းက သူမရဲ့ပုံတွေကို Photoshop နဲ့ခန္တာကိုယ်လှအောင် ပြုပြင် ထား တယ်လို့ ဝေဖန်ခံရတာကြောင့် သူမအနေနဲ့ အရပ်အနည်းငယ် ပုနေသယောင် ထင်ရ တာမို့ အရပ်ရှည်အောင်လုပ်ခြင်းသာ ဖြစ်ကြောင်းကို ပုံနှင့်တကွပြန်လည် ရှင်းပြ ထားတာ လည်းရှိပါတယ်။ သူမဟာအောင်မြင်တဲ့ Model တစ်ယောက်လဲဖြစ်ပြီး သမီးလေးကို အ ကောင်းဆုံးပျိုးထောင်နိုင်တဲ့ Single Mother တစ်ယောက်လည်းဖြစ်ပါတယ်။

သူမအနေနဲ့ Photo Shooting တွေရိုက်ကူးနေ တာဖြစ်ပြီး Model လောကမှာလည်း အောင် မြင်မှုနဲ့ ရပ်တည်နေတဲ့ Model တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ Gym ကိုသွား ကစားမယ့်ပုံ ရိပ်လေးကလဲ ရိုးရှင်းသော်ငြား ဆွဲဆောင်မှုတွေအပြည့်အဝနဲ့ပါ။ စွပ်ကျယ်အင်္ကျီကို ဝတ် ဆင်ပြီး ပေါင်တိုအားကစားဘောင်းဘီကိုဆင်မြန်းထားတဲ့ လုလုရဲ့ပင်ကိုယ် အလှကတော့ တကယ့်ကိုကြွေဆင်းချင်စရာကောင်းလှပါတယ်။ ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိအောင် ဝတ် ဆင်ထားတဲ့ လုလုရဲ့ Gym သွားမယ့် Fashion ကို ပရိတ်သတ်ကြီး ရှုစားပေးပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။