အသက် ၁၈ နှစ်ကျော်သာရှိသေးသော်လည်း အရမ်းကို လှပတဲ့ သူမ အလှကြောင့် သူမပြောပြောနေတဲ့ သူမ အစ်ကိုနှင့်မောင်ကို စိတ်ဝင်စားလာကြပါတယ်။ ပရိသတ်တွေ တောင်းဆိုမှုကြောင့် သူမ အစ်ကို နှင့် မောင်ကို ပွဲထုတ်ခဲ့တဲ့ ပတ်ထရစ်ရှာကြောင့် မိန်းကလေးတွေ ကြွေကုန်ပါတော့တယ်။

ရှာရှာ့ရဲ ့ကိုကြီးနဲ ့မောင်လေးကိုမြင်ဖူးချင်တယ်လို ့တောင်းဆိုထားသူတွေအတွက်ဓာတ်ပုံတွေအများကြီးတင်ပေးလိုက်ပါတယ်ရှင်။ ကိုကြီးကဓာတ်ပုံအရိုက်ခံရတာမကြိုက်လို ့သူ ့ပုံတွေကိုလျှာထွက်အောင်ရှာလိုက်ရတာတောင်ရှားရှားပါးပါး၁ပုံပဲထွက်လာတယ်လေ။ မောင်လေးရဲ ့ဓာတ်ပုံတွေကိုသူ ့ရဲ ့Instagram နှင့် ့Facebook ကနေခိုးယူလာတာ ဟီးးး? သူကသူ ့ဓာတ်ပုံတွေကိုအဲ့လိုလျှောက်တင်တာမကြိုက်ဘူး သူသိရင်တော့ဂစ်ပြီပဲ??

ကိုကြီးရဲ ့အသက်က ၂၄ နှစ်ဖြစ်ပြီး မောင်လေးရဲ ့အသက်က ၁၇ နှစ်ပြည့်တော့မှာပါ။ သူတို ့၂ယောက်ရဲ ့အကျင့်စိတ်ဓာတ်လေးတွေကိုပြောပြရမယ်ဆိုရင်... ၂ ယောက်စလုံးက ဘယ်သူ ့အပေါ်မဆိုဖော်ရွေတတ်တယ် စိတ်သဘောထားအရမ်းဖြူစင်ကြတယ်။ မောင်လေးကသူ ့ကိုယ်သူလူကြီးသာဖြစ်ချင်နေတာ ကလေးစိတ်ကမကုန်သေးဘူး အနိုင်ယူချင်တယ် စိတ်မရှည်ဘူး စိတ်ကြီးတယ်

သူ ့ကိုအချိုးမပြေဆက်ဆံမိရင်ဒေါသထွက်တယ် Gym မဆော့ရရင်အရမ်းစိတ်ဆိုးပေါက်ကွဲပြီးသောင်းကျန်းတဲ့ Gym Addict လေးပေါ့(ဒေါသကြီးတဲ့သူ ့ကိုမထိတထိလိုက်လိုက်စပြီးထွက်ပြေးတာကိုယ်ပေါ့)?

ကိုကြီးကတော့သူ ့မျက်နှာကြီးကသာစိတ်ကြီးတဲ့ပုံစံကြီးပေါက်နေတာ အရာရာကိုစိတ်ရှည်သည်းခံနိုင်တယ် စကားလည်းသိပ်မပြောဘူး သူ ့ကိုစကားလာများလည်းမကြိုက်ဘူး နားငြီးတဲ့ဒဏ်မခံနိုင်ဘူး တစ်ယောက်တည်းနေရတာကိုပိုနှစ်သက်တဲ့လူအေးလူရိုးကြီး ဒါပေမယ့်မဟုတ်မခံဂျစ်ကန်ကန်လေးပေါ့။ သူတို ့၂ယောက်စလုံးရဲ ့အဲ့ဒီလိုအကျင့်လေးတွေက ရှာရှာ့အတွက်တော့အရမ်းချစ်စရာကောင်းတယ် သူတို ့၂ယောက်ကြားမှာအလတ်ဖြစ်ရတာအရမ်းပျော်၏❤️??????❤️ ဟူ၍ သူမမောင် နှင့် အစ်ကို ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။