အောက်တိုဘာ၃၀ရက်နေ့မနေ့ကညရန်ကုန်မြို့အခြေစိုက်နိုင်ငံပိုင်ကြေးမုံသတင်းစာတိုက်တွင်ငွေခိုးမှုနှင့်မီးရှို့ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မီးခံသေတ္တာအတွင်းထည့်သွင်းထားသည့်ငွေများကိုခိုးယူပြီး၊ခိုးယူသူက ၎င်းခိုးယူမှုကို အစဖျောက်သည့်အနေဖြင့် ငွေများထားရှိရာနေရာကိုမီးရှို့ခဲ့ဖြစ်တယ်လို့ကနဦး သတင်းများအရသိရပါတယ်။

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ ၅၁လမ်းနှင့်၅၂လမ်းကြား၊မဟာဗန္ဓုလလမ်းမပေါ်ရှိကြေးမှုံသတင်းစာတိုက် တွင်မနေ့ညကဖြစ်ခဲ့သောမီးရှို့မှုကိုရုံးဝန်ထမ်းများကအချိန်စောစီးစွာသိရှိခဲ့သည့်အတွက်မီးလောင်ကျွမ်းမှုအကြီးအကျယ်မဖြစ်ခဲ့ဘဲ၊အနည်းငယ်သာ လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။ လက်ရှိတွင်ရဲလုပ်ထုံးလုပ်နည်းများအရဥပဒေနှင့်အညီစစ်ဆေးဆောင်ရွက်နေကြောင်းနှင့်အသေးစိတ်ကိုမသိရသေးကြောင်းအထက်ပါရဲအရာရှိကပြောသည်။ကြေးမုံသတင်းစာတိုက်သို့ဆက်သွယ်မေးမြန်းရာတွင်မူဌာနတွင်းစုံစမ်းစစ်ဆေးမှုပြုနေဆဲဖြစ်သည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။  

Source - Popular News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။