ပြည်သူချစ်မင်းသားနေတိုးဟာ အနုပညာလမ်းကြောင်းပေါ်မှာ အောင်အောင်မြင်မြင် လျှော က်လှမ်းနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေ Video ကားတွေ ကြော်ငြာ တွေ ဆက်တိုက်မအားလပ်အောင် ရိုက်ကူးနေရတဲ့ နာမည်က နိုင်ငံကျော်မင်းသား တစ်ဦး လည်းဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားဟာ နိုင်ဝင်ဘာ လ ၁ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ ညီဖြစ်သူမင်းသွေးနဲ့ တွဲဖက်သရုပ် ဆောင်မှာဖြစ်ပြီး ညီကိုနှစ်ယောက်ရဲ့ ဒုတိယမြောက် ရုံကြီးကားပဲဖြစ်ပါတယ်။

အကယ်ဒမီဆုကိုလဲ ရရှိပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့မင်းသားတစ်ယောက်လည်း ဖြစ်ပါ တယ်။ ဒီနေ့မှာတော့ မင်းသားနေတိုးဟာ Solo အင်္ကျ ီကြော်ငြာ Photo Shooting ရိုက် ကူးနေတာပဲဖြစ်ပါတယ်။ အလုပ်တွေမအားလပ်အောင်လုပ်ရင်း ပရိတ်သတ်ကိုအကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ ပေးဆပ်နေသူတစ်ဦးပဲဖြစ်ပါတယ်။

Solo အင်္ကျ ီနဲ့ ဘယ်လိုတွေ Gentleman ဆန်နေလဲဆိုတာ ပရိတ်သတ်ကြီး ကြည့်လိုက်ပါ ဦး။ အရမ်းကိုကြွေဆင်းသွားမယ့်အထာတွေပါပဲ။ ရင့်ကျက်တဲ့အရွယ် တည်ငြိမ်တဲ့ အရွယ်ပုံစံ ကို ဖော်ထားတာဖြစ်ပြီး အရမ်းကိုမိုက်နေတဲ့ စတိုင်တွေမို့ ပရိတ်သတ်ကြီး လတ်လွှတ်မခံပဲ သေချာကြည့်လိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။