တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Kim Joo Hyuk ကွယ်လွန်သွားတာကြောင့် ရိုက်ကူးရေးကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်..။ Kim Joo Hyuk ရဲ့ ချစ်သူဖြစ်သ မင်းသမီး Lee Yoo Young ဟာ Running Man အစီအစဉ်မှာ ဧည့်သည်တော်အဖြစ် ပါဝင်ကစားနေတာ ဖြစ်ပြီး မမျှော်လင့်ပဲ သူမရဲ့ ချစ်သူ Kim Joo Hyuk ကွယ်လွန်သွားတာကြောင့် ရိုက်ကူးရေးကို ရပ်နားခဲ့တာ ဖြစ်ပါတယ်..။ မင်းသမီး Lee Yoo Young ကတော့ သတင်းကြားကြားချင်းမှာပဲ ရိုက်ကူးရေးကို ချက်ချင်းရပ်နားခဲံပြီး ဆိုးလ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် သူမ ချစ်သူ မင်းသား Kim Joo Hyuk ကွယ်လွန်သွားခဲ့ပါတယ်..။

မင်းသား Kim Joo Hyuk ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။ ဂျူနီယာတွေက လေးစား အတုယူရတဲ့ စီနီယာကောင်းတစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်..။ သူဟာ အောက်တိုဘာ(၃၀)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ မင်းသား Kim Joo Hyuk ဟာ အိမ်အပြန်လမ်းမှာ အခုလို ဆိုးရွားတဲ့ မတော်တဆ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်..။ ကိုရီးယားစံတော်ချိန် ညနေ(၄)နာရီ မိနစ်(၃၀) အချိန်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံကိုပို့ဆောင်စဉ်မှာပဲ အသက်ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်..။

မင်းသား Kim Joo Hyuk နဲ့ မင်းသမီး Lee Yoo Young တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ပြသခဲ့တဲ့ Yourself

and Yours ရုပ်ရှင်ဇာတ်ကားမှာ စတင်ဆုံစည်းခဲ့ကြတာဖြစ်ပြီး ထိုနှစ်အတွင်းမှာပဲ ချစ်သူတွေဖြစ်သွားခဲ့တာ ဖြစ်ပါတယ်..။ မင်းသား Kim Joo Hyuk နဲ့ မင်းသမီး Lee Yoo Young တို့ဟာ လက်ထပ်ဖို့ စီစဉ်နေပြီဖြစ်ပြီး လက်ထပ်ပြီး သူအနေနဲ့ သမီးလေးတစ်ယောက်ကို လိုချင်တယ်လို့လည်း ဖြေဆိုသွားခဲ့ပါတယ်။ အသက် ၄၅နှစ်အရွှယ်ရှိ ပြီတဲ့ Kim Joo Hyuk ဟာ ချစ်သူကို လက်ထက်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးတည်ထောင်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်ခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်..။ “2 Day & 1 Night” ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ “Argon” ဒရမ်မာ ဇာတ်ကားဟာ မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။