၂၀၁၈ခုနှစ်ပြံုချောင်းဆောင်းရာသီအိုလံပစ်ပွဲအတွက်မီးတုတ်သယ်ဆောင်မည့်သူစာရင်းေ့ပါ်ထွက်လာခဲ့ပြီဖြစ်ပါသည်။အောက်တိုဘာ၃၁ရက်နေ့မှာအတိအလင်းကြေညာခဲ့တာဖြစ်ပါ တယ် ။ အိုလံပစ်မီးတုတ်သယ်ဆောင်မယ့်သူတွေကတော့ စကိတ်ကီးသမား ယူရောင်း၊ယိုဂျေဆွတ်ခ် နှင့် ဆူဇီတို့ဖြစ်ပါတယ်။

ပထမကနဦးသယ်ဆောင်မည့်သူကတော့ ယူရောင်းဖြစ်ပြီးသူမဟာ ၂၀၁၆ခုနှစ်တောင်ကိုရီးယားနိိစကိတ်ချန်ပီယံလည်းဖြစ်ပါတယ်။မီးတုတ်အား ၂၀၁၈အိုလံပစ်ဆောင်းရာသီအားကစားပွဲသံတမန် ယူနာကင်မ် မှ ဂရိနိုင်ငံမှသယ်ဆောင်လာပြီး ယူရောင်းထံသို့လွှဲပြောင်းမည်ဖြစ်ပါတယ်။

မီးတုတ်အားယူရောင်းမှတစ်ဆင့် ယိုဂျေဆွတ်ထံလွှဲပြောင်းပေးအပ်မည်ဖြစ်ပါတယ်။ယိုဂျေဆွတ်ဟာဆိုရင်ပြီးခဲ့တဲ့ဧပြီလက “Infinite Challenge”မှာအနိုင်ရထားတာလည်းဖြစ်ပါတယ်။

အဲ့သည့်နောက်မှာတော့ ဆူဇီထံလွှဲပြောင်းပေးရမည်ဖြစ်သည်။ယူရောင်း၊ယိုဂျေဆွတ်နှင့်ဆူဇီတို့ဟာဆိုရင် မီးတုတ်အား ၂၀၁၈ခုနှစ်ပြံုချောင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲစတင်မည့် ဖေဖော်ဝါရီ၉ရက်နေ ့အထိ ၂၀၁၈ကီလိုမီတာ( ၁၂၅၄မိုင်ခန့် ) ရှိသည့်နိုင်ငံအနှံံ့လှည့်လည်ဖြတ်သန်းရမှာလည်းဖြစ်ပါတယ်။

Source - kpopnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။