ကမ္ဘာ့ဖလားသွားမယ့်မြန်မာ့ခြင်း

2017ခုနှစ်ရဲ့ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို

မြန်မာတို့ဝင်ရောက်ယှဉ်ပြိုင်မှာပါ။အဆိုပါပြိုင်ပွဲဟာ

ဆီးဂိမ်းအပြီးမှာမြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း

အသင်းပါဝင်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဖစ်ပြီးအိန္ဒိယနိုင်ငံက

လက်ခံကျင်းပမှာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်

ပိုက်ကျော်ခြင်းအသင်းမှာဆီးဂိမ်းတုန်းကလက်ရွေးစင်တွေ

ပြန်ပါလာပြီးလူသစ်တွေလည်းပါဝင်လာတာတွေ့ရပါတယ်။

လူဟောင်းလူသစ်ပေါင်းစပ်မှုပေါ့။

ဆီးဂိမ်းတုန်းကဗိုလ်လုပွဲအကြိမ်ကြိမ်တက်ခဲ့ပေမယ့်

ထိုင်းကိုမယှဉ်နိုင်တာကြောင့်ရွှေတံဆိပ်ဆုတစ်ခုတည်း

နဲ့သာမြန်မာတို့ကျေနပ်ခဲ့ရပါတယ်။ယခုပြိုင်ပွဲမှာဆီးဂိမ်းတုန်းက

ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့အောင်သူမင်းနဲ့သန့်ဇင်ဦးတို့ပါဝင်လာခဲ့ပြီး

ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ထူးအောင်ကျော်၊ဇင်ကိုကို၊

သန့်ဇင်ထွန်း၊ဇင်ကိုကိုတို့ကိုတော့အတန်ငယ်စိမ်းနေနိုင်ပါတယ်။

လူဟောင်းလူသစ်အောင်းပေါင်းစပ်မှုနဲ့ကမ္ဘာ့ဖလားမှာ

မြန်မာ့ပိုက်ကျော်ခြင်းဘယ်လေညက်သွားနိုင်မလဲစောင့်ကြည့်ရမှာပါ။နည်းပြကတော့ဦးကျော်မင်းစိုးဖြစ်ပြီးအသင်းအုပ်ချုပ်သူက

ဦးထွဋ်ခိုင်နွယ်ပါ။ဒီအသင်းဟာကမ္ဘာ့ဖလားပြီးရင်

နိုင်ငံတကာပြိုင်ပွဲတွေကိုဆက်လက်ယှဉ်ပြိုင်သွားမယ်လို့

သိရပါတယ်။2018အာရှပိုက်ကျော်ခြင်းပြိုင်ပွဲအတွက်လည်း

အထူးပြင်ဆင်နေတယ်လို့သိရပါတယ်။အမြဲတမ်းမြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ပိုက်ကျော်ခြင်းအသင်းဒီတစ်ကြိမ်လည်းမြန်မာဂုဏ်ဆောင်နိုင်ပါစေလို့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။