Jennifer Lopez

ကမ္ဘာအလှဆုံး တင်ပါးပိုင်ရှင် တွေထဲ မှာ တယောက်အပါအဝင် ဖြစ်တဲ့ ဂျေလိုကတော့ အစားအသောက် တခါစားရင် နည်းနည်းနဲ့ ဇယားဆွဲပြီး စားသောက်လေ့ရှိပါတယ်။ တထိုင်တည်း အများကြီး စားတာကိုတော့ သူမ အနေနဲ့ ရှောင်ရှားပါတယ်။ မကြာခဏ စားသုံးတယ် ဆိုတာကတော့ ခန္ဓာကိုယ်ထိန်းသိမ်း ဖို့ လေ့ကျင့်ခန်းတွေ လုပ်ရပြီး ဒါ့အပြင် များပြားလှ တဲ့ သူမရဲ့ တနေ့တာ လုပ်ငန်းဆောင်တာ တွေကို ခွန်နဲ့အားနဲ့ လုပ်ဆောင် နိုင်ဖို့ပဲ ဖြစ်ပါတယ်။ သူမရဲ့ စားတဲ့ အကြိမ် အရေ အတွက်ကို သိရင် ပိုတောင် အံသြရမှာ ပါ။ သူမက တနေ့ကို ၈ ကြိမ်စားသောက်ပါတယ်။

ပြီးတော့ သူမ စားသောက်ပုံကို ပရိုဂမ် ၁၊ ပရိုဂမ် ၂ ဆိုပြီး အလှည့်ကျခွဲထားပါသေးတယ်။ သူမရဲ့ ပရိုဂရမ် တွေကို ပရိတ်သတ်ကြီးသိအောင် မျှဝေပေးလိုက်ပါတယ်။

ပရိုဂရမ် ၁

8 am ဂျုံခေါက်ဆဲ့၊ အဆီထုတ်ထားတဲ့ နွားနို့ ၁ခွက်

10 am ငှက်ပျောသီး ၁လုံး

12 pm ငါးသေတ္တာငါး ၂ကောင်၊ ပေါင်မုန့်မီးကင် ၁ချပ်

2 pm ခရမ်းချဉ်သီး ၂လုံး

4 pm နို့ပေါင်မုန့် ၁လုံး၊ ဒိန်ခဲ

6 pm အာလူး ၁လုံး၊ အဆီထုတ်ထားတဲ့ နွားနို့ ၁ခွက်

8 pm အရေပြားဖယ်ထားတဲ့ ကြက်သား 50 g၊ အရွက်သုတ်

10 pm ဘီစကစ် ၁ချပ်၊ အဆီထုတ်ထားတဲ့ နွားနို့ ၁ခွက်

(ကြက်အရေပြားတွင် အဆီ များသော ကြောင့် ခန္ဓာကို ထိန်းသိမ်းလိုသူများ ချင့်ချိန်စားသုံးသင့်သည်)

ပရိုဂရမ် ၂

8 am ကြက်ဥပြုတ် ၁လုံး၊ ပေါင်မုန့်မီးကင် ၁ ချပ်

10 am ပန်းသီး ၁လုံး၊ အဆီနည်း ဒိန်ခံ 25 g

12 pm အသား၊ငါး 50၊ ပန်းဂေါ်ဖီစိမ်း

2 pm စပျစ်သီး ၁၂လုံး၊ ပေါင်မုန့် ၁ချပ်

4 pm ပျားရည်ဆမ်း ပေါင်မုန့်ညို ၁ချပ်

6 pm ရာတာတိုလီမုန့် အနည်းငယ်

8 pm ကြက်သားစင်းကောကင် 50 g၊ ခရမ်းချဉ်သီး ၂လုံး

10 pm အဆီထုတ်ထားတဲ့ နွားနို့၊ ဂျုံဖြင့် လုပ်ထားသော မုန့်တမျိုးမျိုး

သူမ ဟာ လက်ရှိဆိုရင် ၄၈ နှစ်ဖြစ်နေပေမယ် သူမတူပဲ ပေါ့ပါးသွက်လက် လွန်းလှပါတယ်။

Jane Seymour

အသက် ၆၆ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင် Jane ဟာ တခြား အရွယ်တူတွေနဲ့ မတူတဲ့ အချက်ကတော့ သူမမှာ ယနေ့တိုင် နုပျိုမှု တွေ၊ လန်းဆန်း တက်ကြွမှု ယခုတိုင် တွေ ရသေးလို့ ဖြစ်ပါတယ်။

Jane ကတော့ အချိူ အလွန်ကြိုက်ကြောင်းကို ဝန်ခံထားပါတယ်။ အချိုကြိုက်တယ်ဆို လို့ ပြုပြင်ဖန်တီးထားတဲ့ သကြားလုံး၊ ချောကလတ်တို့ကို စားတယ် မထင်နဲ့နော်။ သူမက အဲ့တာတွေတော့ ရှောင်ပါတယ်။ သူမတကယ် ကြိုက်တဲ့ အချိုကတော့ အသီးအနှံ တွေကို အရည်ညှစ်ခြင်း၊ ကြိတ်ခြင်း ကရရှိတဲ့ သဘာဝသကြားကို အဓိက ထားပြီး စားသုံးတာပါ။

ပရိတ်သတ်ကြီး အနေနဲ့လည်း လတ်ဆတ်တဲ့ အသီးအနှံတွေ ဝယ်ပြီး မိမိ ဘာသာ ပြုလုပ်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ အဓိက ကတော့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး အရသာ ရှိမယ့် အသီးအရွက် အမျိုးမျိုးကို အရည်ညစ် ပြီး များများသောက်သုံးပေးဖို့ပဲ ဖြစ်ပါတယ်။

Source - မမလှလှသွယ်လျလျ(လွန်းထားထား-ဆေးတက္ကသိုလ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။