ဂျက်လီနဲ ့ပေါင်းပြီးရုပ်ရှင်ရိုက်မယ့်ဂျက်မား

အလီဘာဘာကုမ္ပဏီCEOဂျက်မားဟာကွန်ဖူးစတား

မင်းသားဂျက်လီနဲ့ပေါင်းပြီးဇာတ်ကားတစ်ခုရိုက်ဖို့

စီစဉ်နေပါတယ်။အလီဘာဘာသူဌေးကြီးဂျက်မားဟာ

ကိုယ်ပိုင်ရုပ်ရှင်ရေးတွေရှိသူဖြစ်သလိုအနုအညာလောကနဲ့

နဲ့အစိမ်းကြီးတော့မဟုတ်ပါဘူး။သူဟာတရုတ်တို့ရဲ့ထိုက်ချိ

ကိုကမ္ဘာကိုပြသချင်တဲ့အတွက်ဂျက်လီနဲ့ပေါင်းပြီး

ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တာပါ။

လူမှုကွန်ယက်တွေပေါ်မှာနာမည်ကျော်ကြားလှတဲ့

ဂျက်မားသာပါဝင်သရုပ်ဆောင်လိုက်ရင်ဒီရုပ်ရှင်ရဲ့

အောင်မြင်မှုတဟုန်ထိုးတိုးတက်သွားမှာသေချာပါတယ်။

ထိုက်ကျိဆိုတာဘာလဲဆိုတာကမ္ဘာ့ကိုပြသချင်တဲ့

အပြင်လူငယ်တွေကိုလည်းထိုက်ကျိပညာအကြောင်း

သတင်းစကားပါးချင်တဲ့အတွက်ဒီရုပ်ရှင်ကိုရိုက်ကူးဖို့စီစဉ်ဖြစ်ခဲ့တာလို့ဂျက်မားကပြောပါတယ်။ဂျက်မားဟာထိုက်ချိကို

လေ့လာလိုက်စားသူတစ်ဦးဖြစ်ပြီးထိုက်ကျိသင်တန်းတွေတောင်ပေးနေသူပါ။


အဲ့ဒီသင်တန်းမှာတစ်ယောက်ကိုအမေရိကန်ဒေါ်လာတစ်သောင်းလေးထောင်ယူတယ်လို့ပြောပါတယ်။

ဂျက်မားရဲ့ထိုက်ချိပရိုမိုးရှင်းရုပ်ရှင်ကတော့သူပါဝင်

သရုပ်ဆောင်မှာဆိုတော့မရိုက်ခင်ကတည်းကပေါက်နှင့်နေပါပြီ။

သူနဲ့တွဲဖက်သရုပ်ဆောင်မယ့်ဂျက်လီတောင်ဂျက်မားကြောင့်

ဇာတ်လမ်းထဲမှာမှေးမှိန်သွားနိုင်ပါတယ်

။သူရဲ့လူမှုကွန်ယက်ဖြစ်တဲ့ဝေဘိုမှာလည်းဂျက်မားရိုက်မယ့်

ရုပ်ရှင်အကြောင်းတခုပ်တရပြောနေကြပါပြီ။ပရိသတ်ကြီးရော

မကြည့်ချင်ဘူးလား....

Source-Weibo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။