အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေလ်းဟာ ယခုနှစ်ရာသီမှာ အာဆင်နယ်အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှုးလာကာဇတ်ကို ချီးကျူးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အိုဇေလ်းက" လာကာဇတ်ဟာ သူအရင် ရီးရဲလ်မက်ဒရစ်မှာ တွဲဆော့ခဲ့ဖူးတဲ့ ဘန်ဇီမာလိုပဲ တိုက်စစ်မှုးကောင်း တစ်ယောက်ဖြစ်တယ်"လို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။

လာကာဇတ်ဟာ အာဆင်နယ်အသင်းကို ရာသီအစက ပေါင် ၅၂ သန်းနဲ့ ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၉ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။လာကာဇတ်ဟာ အဲဗာတန်အသင်းကို ဂိုးသွင်းယူခဲ့ပြီးနောက် အိုဇေလ်းက ယခုလိုမျိုးပြောခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက လာကာဇတ်ဟာ လိုင်ယွန်အသင်းနဲ့အတူ ၄၅ ပွဲကစားခဲ့ပြီး ၃၇ ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လာကာဇတ်နဲ့ ဘန်ဇီမာဟာ ပြင်သစ်ကစားသမားတွေလည်းဖြစ်ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။