သစ်သားသွားကြားထိုးတံပဲဖြစ်ဖြစ်၊ ပလတ်စတစ်ပဲဖြစ်ဖြစ် ဂရုတစိုက်နဲ့ ညင်ညင်သာသာမသုံးရင်တော့ သွား၊ အထူးသဖြင့် သွားဖုံးတွေကို ပျက်စီးစေနိုင်ပါတယ်။

♦ သွားကြားထိုးတံထက် ကောင်းတဲ့အရာတွေ ရှိပါတယ်။

သွားကြားထိုးတံနဲ့ ညင်သာစွာ ထိုးမယ်ဆိုရင်တော့ အဆင်ပြေပေမယ့် သွားပွတ်ကြိုးက ပိုပြီးကောင်းပါတယ်။ သွားကြားထိုးတဲ့ အကြိမ်ရေ များလေလေ သွားကို ထိခိုက်နိုင်ခြေ များလေလေပါပဲ။ မကြာခဏ သွားကြားညပ်တတ်တယ် ဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသပြီး ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေကုသရပါမယ်။

♦ မကြာခဏ သွားကြားညပ်တတ်ပါသလား?

သွားကြားညပ်တတ်တဲ့ အကြောင်းအရင်းတွေကတော့ သွားဖာတဲ့ပုံစံမမှန်ခြင်း၊ သွားယိုင်ခြင်း၊ အစာဝင်နိုင်တဲ့ သွားအခေါင်းပေါက်ဖြစ်နေခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို မဖြေရှင်းဘူးဆိုရင် နောက်မှာ သွားအမြစ်အထိ လှိုက်စားပြီး ရောဂါပိုကြီးလာနိုင်ပါတယ်။

မကြာခဏ သွားကြားထိုးတဲ့အကျင့် ရှိတယ်ဆိုရင် သွားနဲ့သွားဖုံး ထိခိုက်မှု ရှိ၊ မရှိ သွားဆရာဝန်နဲ့ စစ်ဆေးကြည့်ရပါမယ်။ အကောင်းဆုံးကတော့ သွားပွတ်ကြိုးသုံးတာ ဖြစ်ပါတယ်။

♦ အကောင်းဆုံး သွားပွတ်ကြိုး သုံးနည်းများ

သွားပွတ်ကြိုးကို လက်ညှိုးနှစ်ချောင်းမှာ ရစ်ပတ်လိုက်ပြီးတော့ သွားကြားမှာ ညင်သာစွာ လျောတိုက်ပါ။ သွားကြားထဲကို သွားပွတ်ကြိုး ဝင်သွားပြီဆိုရင် သွားနှစ်ဖက်စလုံးကို သေချာတိုက်ဖို့ အရေးကြီးပါတယ်။ သွားကြားထဲမှာပဲ အပေါ်အောက် တိုက်မနေဘဲ သွားပွတ်ကြိုးကို သွားမှာ ရစ်ပတ်လိုက်ပြီးတော့ သွားပွတ်ကြိုးကို ပါးစပ်အရှေ့ဘက်ကို ချပြီး အပေါ်အောက်သေချာ ၃-၄ ကြိမ်လောက် ပွတ်တိုက်ပေးပါ။

အနည်းဆုံး တစ်နေ့ကို တစ်ကြိမ် ပွတ်တိုက်ပေးဖို့ အကြံံပြုချင်ပါတယ်။ နှစ်ကြိမ်တိုက်နိုင်ရင်တော့ ပိုကောင်းပါတယ်။

Source : Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။