အားလုံးချစ်တဲ့ အပြစ်ကင်းတဲ့မျက်နှာပိုင်ရှင်လေး ခင်ဝင့်ဝါဟာ ပရဟိတလှုပ်ရှားမှုတော်တော်များများမှာ တွေ့ရပြီး ပရိသတ်တွေရဲ့အချစ်တွေအားလုံးကိုလဲ သိမ်းယူထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

Missတွေ၊ မင်းသမီးတွေ ပရဟိတလုပ်တဲ့နေရာမှာ နာမည်ကောင်းထွက်ချင်တဲ့အကြောင်းအရာအပြင် တခြားသောအကြောင်းအရာတွေလဲရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ခင်ဝင့်ဝါကတော့ သူမရဲ့ ပရဟိတလုပ်ကိုင်ရခြင်းအကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။

”Miss တစ်ယောက်ဖြစ်တယ်။ အခု အနုပညာတွေလည်း လုပ်တယ်။ ဒီလောကမှာ ကိုယ်ကတဖြည်းဖြည်း သင်ယူပြီးအသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူးရတာရော၊ ပရဟိတ အလုပ်မှာရော တောက်လျှောက်လုပ်လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ။ "

" အနုပညာလောကမှာ အားကျတဲ့လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာတော့ ဦးကျော်သူတို့ ဇနီးမောင်နှံကို အားအကျဆုံးပဲ။ ခင်ဝင့်ဝါ အလှူတွေ၊ ပရဟိတတွေမှာ ပါဝင်တာ ပေါ်ပြူလာ ဖြစ််ချင်လို့ မဟုတ်ပါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်မို့ လုပ်လာတာပါ။ " လို့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးကနေ ပြောကြားခဲ့ပါတယ်။

ခင်ဝင့်ဝါသည် ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်နေပြီး ဦးကျော်သူ တည်ထောင်ထားသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း အဖွဲ့ဝင်ထားကာ အနုပညာလုပ်ငန်း အားလပ်ရက်များတွင် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသည်။ပြီးခဲ့တဲ့ ဇူလိုင်၂ဝ ရက်တွင်လည်း တွံတေးမြို့ဘုန်းကြီးကျောင်းရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို သွားရောက်ကာ စိတ်ဓာတ်ခွန်အားပေးခြင်း လုပ်ငန်းများ သွားရောက်လုပ်ဆောင်ပေးခဲ့သည်။

ခင်ဝင့်ဝါသည် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် Miss Supranational 2013 ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Miss Internet, Most Beautiful Woman in the World, Face of Miss Supra-national ဆုများကိုရရှိခဲ့သူဖြစ်သည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။