Rock ဂီတမှာအောင်မြင်ခဲ့တဲ့ လူငယ်အဆိုတော် Raymond တစ်ယောက် RadioFestival2017 Show မှာဝင်ရောက်သီဆိုခဲ့စဉ်က

Vocal နဲ့ ပတ်သတ်တဲ့ ပြသာနာအချို ့တွေ့ခဲ့တာကို တွေ့ရှိရပါတယ် ။ ထိုကိစ္စကို သူက လူမှုကွန်ယက်မှာ ပြန်ဖြေရှင်းခဲ့ပြီး ခုတလောမှာ Live ပွဲတွေ လက်မခံတော့ဘဲ ခေတ္တရပ်တန့်ထားတယ်လို့လည်း သူ့ရဲ့ ပရိတ်သတ်တွေကိုအောက်ပါအတိုင်း ပြောကြားထားပါတယ် ။ 

" Vocal နဲ့ ပတ်သက်ပြီး ဆင်ခြေတွေ မပေးချင်တော့ပါ။ ကျွန်တော့် vocal ပုံမှန် ပြန်မဖြစ်မချင်း Live ပွဲတွေ လက်မခံတော့ပါဘူး။ ဒါပေမယ့် ပွဲတိုင်းမှာ ပရိတ်သတ်ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မခိုမကပ် အပြည့်အဝ ဖျော်ဖြေပေးခဲ့ပါတယ်။ အရင်က Raymond အတိုင်း Vocal Skill အကောင်းဆုံး အနေအထား နဲ့ ပရိတ်သတ်ရှေ့ကို မကြာမှီ ပြန်လာခဲ့ပါမယ်။ အမြဲအားပေးလာတဲ့ Idiots ပရိတ်သတ်တွေ ကို တောင်းပန်ရင်းနဲ့ စိတ်မပျက်စေရဘူးလို့ ကတိပေးပါတယ်။ အားလုံးကို ကျေးဇူးပါ။ " လို့ သူက ဆိုခဲ့တာပါ ။ 

Raymond ဟာဆိုရင် " သေလို့ရတယ် " " ဆုလာဒ် " " ၀မ်းနည်းတတ်တဲ့ချစ်သူ " စတဲ့ သီချင်းတွေနဲ့လူငယ်ပရိတ်သတ်တွေရဲ့ နှစ်ခြိုက်အားပေးခြင်းကို ခံခဲ့ရပြီးနောက်ပိုင်း ပရိတ်သတ်တွေအကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းပေါင်းများစွာကို ဖန်တီးခဲ့ကာ လူအဂီတ ၊ ခေတ်သစ်ကျောက် Album တွေကိုထွက်ရှိထားတဲ့ အဆိုရှင်လည်း ဖြစ်ပါတယ် ။ သူ့ရဲ့ ပရိတ်သတ်တွေကတော့ ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာနေကြပြီး ၀ုိင်းဝန်းအားပေးနေကြပါတယ် ။

Raymond အမြန်ပြန်နေကောင်းပါစေလို့ Myanmarload Team ကလည်း ဆုတောင်းပေးလိုက်ပါတယ်နော် ။  

သတင်းအရင်းမြစ် Raymond

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။