အမုန်းတရားပွားသူတွေ ပေါများလာတဲ့ Facebook ကနေပြီး အနုပညာရှင် တော်တော်များများက ထွက်ခွာလာကြပါတယ်။ Facebook ကို စွန့်ခွာပြီး ပရိသတ်တို့ကို instagram ကနေပဲ ဆက်သွယ်ကြတဲ့ အနုပညာရှင်တော်တော်များများရှိပါတယ်။ Instagram ကို မသိသေးတဲ့ သူတွေကို IG က ဘာလဲ ဆိုတာ ရှင်းပြရရင်တော့ဖြင့် သူဟာ Facebook နှင့် ချိတ်ဆက်ထားတဲ့ application တစ်ခုဖြစ်ပြီး ဓာတ်ပုံတွေ ဗီဒီယို တွေသာ တင်လို့ရတဲ့ နိုင်ငံ တကာမှာ အသုံးများတဲ့ လူမှုကွန်ရက်တစ်ခုလို့ပြောလို့ရပါတယ်။

ခေတ်နှင့် အညီ လိုက်မီအာင်နှင့် မိမိ ကြိုက်တဲ့ သရုပ်ဆောင်က ဖေ့စဘွတ်ကို သိပ်မသုံးလို့ instagram စမ်းသုံးကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက် IG သုံးရင် follow လုပ်ထားသင့်တဲ့ အနုပညာရှင်တွေရဲ့ အကောင့်ကို ဖော်ပြလိုက်ပါတယ်။

၁)ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ ဖေ့စဘွတ်အစား instagram ကို အဓိက အသုံးများတဲ့ သူလို့ပြောလို့ရပါတယ်။ နိုင်ငံခြားကို ပညာတော်သင်သွားနေတဲ့ အချိန်အတွင်းမှာ ပရိသတ်တွေကို instagram ကနေတစ်ဆင့် ဆက်သွယ်မယ်ဆိုပြီး ပြောထားတဲ့ အတွက်ကြောင့်လည်း ယွန်းဝတီလွင်မိုးရဲ့ ပရိသတ်ဆိုရင် တော့ပြေးပြီfollow လုပ်ထားသင့်တယ်နော်....

၂)Mary

ဝဲသီချင်း နှင့် ပရိသတ်တွေရဲ့ရင်ထဲကိုရောက်လာတဲ့ Japan မှာကျောင်းသွားတတ်နေတဲ့ သူမ ကတော့ မကြာခင်အချိန်တုန်းက Big Bag နှင့် အတူ မတော်တဆ ဆိုတဲ့ သီချင်းထွက်ခဲ့ပြီး ပရိသတ်အကြိုက်တွေ့စေခဲ့ပါတယ်။ Mary ကတော့ Facebook ထပ် instagram ကို ပိုအသုံးများတာကို သူမပရိသတ်တွ သိပြီးသားနေမှာပါ။

၃)မိုးဟေကို

မိုးကတော့ လူမှုကွန်ရပ်နှင့် ဝေးကွာနေတဲ့ သူတစ်ဦးလို့ပြောလို့ရပါတယ်။ သူမ ဟာ Fans တွေ အတွက်ဖေ့စဘွတ်အကောင့် မရှိတဲ့ အတွက် သူမကိုလွမ်းနေတဲ့ သူတွေကိုတော့ instagram ကမိုးရဲ့ အကောင့်ကို သွားပြီး follow လုပ်ထားလိုက်ပါနော်။

၄)နေခြည်ဦး

သူမကတော့ Beauty Blogger တစ်ယောက်ဖြစ်ပေမယ့်လည်း instagram မှာ သူမပုံတွေ အမြဲ တင်ပြီး အကြံဉာဏ်တွေ ပေး တတ်တဲ့ အတွက် မိန်းမပျို တချို့အတွက် ဗဟုသုတရစေမှာပါ။

၆)သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ ဖေ့စဘွတ်ကို အတည်တကျ သုံးဆွဲသူဖြစ်သော်လည်း သူမရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကြည့်ချင်ရင်တော့ အင်စတာဂရမ် က သူမ အကောင့် ကို follow ထားသင့်ပါတယ်။

၅)ဖွေးဖွေး

ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ ပုံတွေ ကြည့်ချင်လို ကတော့ instagram မှာ follow လုပ်ထားသင့်ပါတယ်။ သူမဟာ ဖေ့ဘွတ် သုံးနေတဲ့ သူဖြစ်သော်လည်း instagram မှာ သူမပုံ တွေကို အမြဲ update လုပ်နေကြဖြစ်တဲ့ အတွက် ဖွေးဖွေး ဘာလုပ်နေလဲဆိုတာ ပိုသိချင်ရင်တော့ IG မှာ ဝင်ကြည့်လိုက်ပါနော်။

၆)ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည် ဟာ ဖေ့စဘွတ်ကို ပိုပြီး အသုံးများသော်လည်း အချို့သော ပုံ တွေကို တော့ Facebook မှာ မတင်ပဲ instagram မှာ တင်လေ့ရှိတဲ့ အတွက် သေချာပေါက် follow ထားသင့်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။